မန္တလေးက ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ သေဆုံးရခြင်းအကြောင်းအရင်း ယနေ့ညနေပိုင်းတွင် ဓာတ်ခွဲစစ်ဆေးချက် အဖြေသိရမည်

မန္တလေးက ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ သေဆုံးရခြင်းအကြောင်းအရင်း ယနေ့ညနေပိုင်းတွင် ဓာတ်ခွဲစစ်ဆေးချက် အဖြေသိရမည်
ပုံစာ- လက်ရှိကန်တောနဒီ ဆေးရုံမြင်ကွင်း

မန္တလေး မတ်လ ၆။          ။ မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုနေရသူ တစ်ဦး  မတ်လ (၆) ရက်နေ့က သေဆုံးခဲ့ကြောင်းသိရသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင်နေထိုင်သည့် အသက် ၆၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြင့် မတ်လ ၄ ရက်နေ့က စောင့်ကြပ်ကြည့်ရှုရန်ပို့ထားခြင်းဖြစ်သည်။

`ဆုံးသွားပြီပေါ့။ သံသယက သံသယပဲ။ကိုယ်တွင်းအင်္ဂါတွေအကုန်လုံး တော်တော်မကောင်းတာပါ။ ကျောက်ကပ်လည်းမကောင်းဘူး။ နှလုံးလည်းမကောင်းဘူး။ အခြေခံ ဆီးချိုသွေးချိုကြောင့် လူကလည်း အတော်လေးဝတယ်။´´ ဟု  မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာခင်ကျော် က ပြောသည် ။

ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပို့ထားပြီး COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိမရှိကို ယေနေ့ညနေပိုင်းတွင် သိရမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly