မြဝတီမြို့နယ်တွင် သတင်းထောက်နှစ်ဦးပျောက်ဆုံးနေ

မြဝတီမြို့နယ်တွင် သတင်းထောက်နှစ်ဦးပျောက်ဆုံးနေ

မတ်လ ၅။            ။ Frontier Myanmar သတင်းထောက် မနော်ဘတ်တီဟန်နှင့် မြန်မာတိုင်းမ်ဓာတ်ပုံသတင်းထောက် ကိုမာနော်တို့နှစ်ဦးသည် ကရင်ပြည်နယ် မြဝတီမြို့အနီးတွင် ပျောက်ဆုံးနေကြောင်း သိရသည်။

ကရင်ပြည်နယ် အမှတ် (၁) နယ်စပ်ဂိတ်အနီးတွင် သတင်းထောက် မနော်ဘတ်တီဟန်အား ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဖုန်းမက်ဆေ့ချ်မှတဆင့် သတင်းပေးပို့ခဲ့ကြောင်း Frontier Myanmar က သတင်းထုတ်ပြန်သည်။

မြန်မာတိုင်းမ်ဓာတ်ပုံသတင်းထောက် ကိုမာနော် အကြောင်းအား မသိရှိရသေးပေ။

မတ်လ ၄ ရက်နေ့ နေ့လည်ပိုင်းမှာ မနော်ဘတ်တီဟန်သည် ကရင်ပြည်နယ် မြဝတီမြို့သို့ သတင်းယူရန် ရောက်ရှိနေစဉ် အမှတ်(၁) နယ်စပ်ဂိတ်အနီးတွင် (BGF) က ထိန်းသိမ်းခံခဲ့ရကြောင်းကို သူ့ဖုန်းမက်ဆေ့ချ်မှ တစ်ဆင့် သတင်းပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းနှင့် ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကို ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရခဲ့ပေ။

မနော်ဘတ်တီဟန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ထိန်းချုပ်ရာ နယ်မြေမှာ ကိုယ်စားမြေရောင်းဝယ်မှု ဖြစ်ထွန်းနေ ဆိုသည့်အကြောင်းကို သတင်းဖော်ထုတ်ရေးသားခဲ့သည်။

မနော်ဘတ်တီဟန် ထိန်းသိမ်းခံရပြီး အဆက်အသွယ် ပြတ်တောက်နေမှုနှင့် ပတ်သက်လို့ သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်နေကြပြီး မိသားစုဝင်များ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၊  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့နှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required