ဘရာဇီးမှာ မိုးသည်းထန်စွာ ရွာသွန်း၍ လူ ၁၅ ဦး သေဆုံး

ဘရာဇီးမှာ မိုးသည်းထန်စွာ ရွာသွန်း၍ လူ ၁၅ ဦး သေဆုံး
Photo  - AFP

မတ်လ ၄။        ။ ဘရာဇီးနိုင်ငံ ဆော်ပေါလိုနဲ့ ရီယိုဒီဂျနေးရိုး ပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုနဲ့ နေအိမ်တွေ ပျက်စီးမှုဖြစ်ကာ လူ ၁၅ ဦး သေဆုံးကြောင်း အာဏာပိုင်‌တွေက အင်္ဂါနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေမှာ အားပြင်းတဲ့ မုန်တိုင်းတွေ တိုက်ခိုက်ပြီး တစ်လအတွင်း အဆိုးဝါးဆုံး မိုးသည်းထန်စွာ ရွာသွန်းတာဖြစ်ပြီး တစ်ချို့အရပ်တွေမှာ နာရီအတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

ဆော်ပေါလိုပြည်နယ် တောင်ပိုင်းကမ်းခြေဒေသတွေနဲ့ နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရီယိုဒီဂျနေးရိုးမြို့ ဆင်ခြေဖုံးရပ်တွေမှာ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆန်တို့စ်၊ ဆာအိုဗီဆင့်နဲ့ ဂွါရူဂျာပြည်နယ်တွေက ကမ်းခြေမြို့တွေမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပြီး ဆော်ပေါလိုမှာ အင်္ဂါနေ့က လူ ဆယ်ဦး သေဆုံးကာ တစ်ဦး ပျောက်ဆုံးကြောင်း ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူတွေမှာ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ မီးသတ်သမားတစ်ဦး မြေပြိုမှုအတွင်း သေဆုံးခဲ့ပါတယ်။

“အခု မိုးသည်းထန်မှုမှာ သေဆုံးပျောက်ဆုံးသူတွေနဲ့ ထပ်တူခံစားရကြောင်း ကျွန်တော် ပြောလိုပါတယ်။”ဟု ဆော်ပေါလို ပြည်နယ်အုပ်ချုပ်ရေးမှူး ဒေါ်ရီယာက တွစ်တာမှာ ရေးသားဖော်ပြပါတယ်။

ရီယိုဒီဂျနေးရိုးမှာ သုံးရက်တာမျှ မိုးသည်းထန်စွာ ရွာသွန်းရာမှာ အခြား လူငါးဦး သေဆုံးရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ဓာတ်လိုက်တာ၊ မြေပြိုမှုမှာ မြေကြီးပိတာနဲ့ ရေနစ်တာတွေကြောင့် သေဆုံးကြရတာဖြစ်တယ်လို့ အရေးပေါ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဘရာဇီးနိုင်ငံမှာ ဒီနွေရာသီမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပြီး ဇန်နဝါရီလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မီနက်စ်ဂျီရိုင်ပြည်နယ်မှာ လူ ၅၀ သေဆုံးခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly