အထည်ချုပ် ကုန်ကြမ်းအမှန်တကယ်ပြတ်လပ်ခြင်းရှိမရှိအစိုးရမှစိစစ်ပေးရန် အလုပ်သမားအဖွဲ့ချုပ်များတောင်းဆို

အထည်ချုပ် ကုန်ကြမ်းအမှန်တကယ်ပြတ်လပ်ခြင်းရှိမရှိအစိုးရမှစိစစ်ပေးရန် အလုပ်သမားအဖွဲ့ချုပ်များတောင်းဆို

မတ်လ ၃။        ။ အထည်ချုပ်လုပ်ငန်းတွေမှာ  ကုန်ကြမ်းအမှန်တကယ်ပြတ်လပ်ခြင်းရှိမရှိအစိုးရမှစိစစ်ပေးရန် အလုပ်သမားအဖွဲ့ချုပ်များနှင့် အလုပ်သမားအရေးလှုပ်ရှားသူများကမတ်လ ၃ရက်က တောင်းဆိုလိုက်သည်။

ဖေဖေါ်ဝါရီလ (၂၇) ရက်က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံအခြေစိုက် ကုန်သည်ကြီးများအသင်း၊ စီးပွားရေးလုပ်ငန်းရှင်များကသတင်းထုတ်ပြန်ရာတွင် တရုတ်နိုင်ငံမှာ ဖြစ်ပွား နေသည့် Covid 19 ဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်တော့မည့် အခြေအနေနှင့် ကြုံတွေ့နေရသည့် အတွက် လုပ်သားလျော့ချခြင်း၊ စက်ရုံယာယီပိတ်ခြင်းနှင့် အဆိုးဆုံးအခြေအနေတွင် လုပ်ငန်းပိတ်သိမ်းသည့် အထိမျှော် မှန်းထားကြောင်းသတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် လက်ထောက် အတွင်းရေးမှူး(၁) ဦးနေလင်းအောင်က“အထည်ချုပ်စက်ရုံတွေကိုကြည့်လိုက်တော့လည်း OT တွေခေါ်မြဲခေါ် နေ တာပဲ။ တချို့ဆိုရင်လည်း ည၁၀နာရီလောက်အထိတော့ ခေါ်နေတာရှိတော့ ကျွန်တော်တို့သုံးသပ်တာကတော့ အဲဒီလောက်ကြီးကုန်ကြမ်းပြတ်လပ်တာတော့မရှိဘူးထင်တယ်။

ကျွန်တော်တို့လေ့လာချက်အရတော့ မတ်လမှာကုန်ကြမ်းမပြတ်နိုင်သေးဘူးလို့ ယူဆတယ်။ ကိုရိုနာဗိုင်းရပ်စ် ထပ်ပြီးကြာလာမယ်ဆိုရင်တော့ ကုန်ကြမ်းပြတ် လပ်တာတွေ ဖြစ်ကောင်းဖြစ်လာနိုင် တယ်။အဲဒီလိုမျိုး  ဖြစ်လာပြီ ဆိုရင်တော့ အစိုးရအနေနဲ့ သေသေချာချာစိစစ်ဖို့လိုတာပေါ့။ ” ဟုမဇ္ဈိမသို့ပြောသည်။

အထည်ချုပ်စက်ရုံများပိတ်သိမ်းမည်ကိုစိုးရိမ်မှုရှိနေသော်လည်းကုန်ကြမ်းပြတ်လပ်မှုနှင့် ပတ်သက်ပြီးလက်ရှိအချိန်အထိအရေးတကြီးစိုးရိမ်ရသည့် အခြေအနေတွင် မရှိသေးကြောင်း ၎င်းကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly