မတ် ၂
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ကမ္ဘာတဝန်း သေဆုံးသူအရေအတွက်ဟာ ယနေ့ မတ်လ ၂ ရက်အထိ ဆိုရင် ၃,၀၀၀ ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ကမ္ဘာတဝန်း ယင်းဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း မြင့်တက်နေသလို တရုတ်မှာလည်း နောက်ထပ် လူပေါင်း ဒါဇင်နဲ့ချီ ထပ်မံသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန် မြေပေါ်မှာလည်း ယင်းဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက် လူသေဆုံးမှု ထပ်မံပေါ်ပေါက်ခဲ့ပြန်ပါတယ်။
ဒီ ဗိုင်းရပ်စ်ဟာ ယခုအခါမှာ လူပေါင်း ၈၉,၀၀၀ ကျော်ကို ကူးစက်ထားပြီ ဖြစ်ကာ နိုင်ငံပေါင်း ၆၀ ကျော်ကိုလည်း ပျံ့နှံ႔ရောက်ရှိနေပြီဖြစ်ပါတယ်။
ဒီ ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီး နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်မှာ အဆိုးရွားဆုံး ကူးစက်ခဲ့ပါတယ်။
ယခုအခါမှာတော့ ယင်းနိုင်ငံပြင်ပ တောင်ကိုရီးယား၊ အီရန်နဲ့ အီတလီ တို့မှာ ကူးစက်မှုနှုန်း မြင့်တက်နေပြီး သေဆုံးသူကိန်းဂဏန်းလည်း များပြားနေလျက် ရှိပါတယ်။