အနာဂတ်စစ်ပွဲများတွင် အလိုအလျောက်ဒရုန်းယာဉ်များဖြင့်သာ တိုက်ကြလိမ့်မည်ဟု Elon Musk ပြော

အနာဂတ်စစ်ပွဲများတွင် အလိုအလျောက်ဒရုန်းယာဉ်များဖြင့်သာ တိုက်ကြလိမ့်မည်ဟု Elon Musk ပြော

မတ် ၁ ။                   ။ အနာဂတ် စစ်ပွဲများတွင် လက်ရှိသုံးနေသော တိုက်လေယာဉ်များဖြင့် မဟုတ်တော့ဘဲ အလိုအလျောက် ဒရုန်းများဖြင့် တိုက်ခိုက်ကြလိမ့်မည်ဖြစ်ကြောင်း Tesla နှင့် SpaceX စီအီးအို Elon Musk က ခန့်မှန်းပြောဆိုလိုက်သည်။

“တိုက်လေယာဉ်ခေတ်က ကုန်သွားပြီလို့ ပြောလို့ရပါပြီ” ဟု ဖေဖော်ဝါရီ ၂၈ ရက်က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ လေကြောင်းစစ်ပွဲဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ အမေရိကန်လေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး John Thompson နှင့် အတူထိုင်ဆွေးနွေးစဉ် Musk က ပြောသွားခဲ့သည်။

“ဒရုန်းစစ်ပွဲဆိုတာ အနာဂတ်မှာ ဖြစ်လာပါလိမ့်မယ်၊ ဒါက ကျွန်တော် လိုချင်တဲ့ အနာဂတ်မျိုးတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒါက တကယ်ဖြစ်လာနိုင်တဲ့ အနာဂတ်ပါ” ဟု Musk က ပြောသွားသည်။

အလားတူ ပင်တဂွန်တွင် စျေးအကြီးဆုံးသော လက်နက်စနစ်တစ်ခုဖြစ်သည့် Lockheed Martin ထုတ် F-35 တိုက်လေယာဉ်အတွက်လည်း အပြိုင်အဆိုင် ပြိုင်ဘက်တစ်ခု ရှိနေသင့်ပြီဖြစ်ကြောင်း Musk က ပြောသည်။

“ဒီ F-35 လေယာဉ်တွေမှာ ယှဉ်ပြိုင်ဘက်တော့ ရှိသင့်ပါတယ်၊ ဒါကတော့ အငြင်းပွားစရာ ကိစ္စတစ်ခုပါ၊ ဒါပေမယ့် ထောက်ပံ့သူတစ်ဦး ရှိဖို့က ကောင်းတယ်လို့တော့ ကျွန်တော် မထင်မိပါဘူး” ဟု ၎င်းက ပြောသွားသည်။

ယင်းနောက် အဆိုပါ F-35 လေယာဉ်၏ ပြိုင်ဘက်သည် ဒရုန်းတစ်စင်းဖြစ်သင့်ကြောင်း ၎င်းက တွစ်တာကနေတဆင့် ပြောသွားသည်။

“ ယှဉ်ပြိုင်ဘက်ကတော့ လူက အဝေးကနေ လှမ်းပြီးထိန်းချုပ်မယ့် ဒရုန်းတိုက်လေယာဉ်တစ်စင်း ဖြစ်သင့်ပါတယ်” ဟု ၎င်းက ရေးသွားသည်။

ထို့ပြင် အမေရိကန်တို့အနေဖြင့် တီထွင်ဆန်းသစ်မှုပိုင်းကို ဦးစားပေးလုပ်ကိုင်ခြင်း မရှိဘူးဆိုရင် တခြားနိုင်ငံတွေရဲ့နောက်မှာ ကျန်နိုင်တဲ့ အခြေအနေမျိုး ရှိနေကြောင်းလည်း Thompson နှင့် ဆွေးနွေးခဲ့စဉ်အတွင်း Musk က သတိပေးသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags