မလေးရှားအစိုးရက လျှပ်စစ်စီးကရက်များကို တားမြစ်သွားမည်မဟုတ်ဟုဆို

မလေးရှားအစိုးရက လျှပ်စစ်စီးကရက်များကို တားမြစ်သွားမည်မဟုတ်ဟုဆို

ကွာလာလမ်ပူ၊ အောက်တိုဘာ ၃၁ ။               ။ ကျန်းမာရေးအပေါ် ထိခိုက်သက်ရောက်မှုများ ရှိလာနိုင်မည်ဆိုသည့် စိုးရိမ်မှုများ ရှိနေသော်လည်း လျှပ်စစ်စီးကရက်များ အသုံးပြုမှုကို တားမြစ်သွားမည်မဟုတ်ကြောင်း မလေးရှားအစိုးရက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်အား အောက်တိုဘာ ၃၀ ရက် ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်ဟု ကျေးလက်နှင့်ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးဝန်ကြီး အီစမေးလ်ဆာဘရီယာကွတ်က ပြောကြားသည်။

"လူငယ်တွေရဲ့ ဆန္ဒကို နားလည်ပေးတဲ့ ဝန်ကြီးချုပ် နာဂျစ်အဗ္ဗဒူရာဇက်ကို ကျေးဇူးတင်ပါတယ်။ ဒီပစ္စည်းတွေက စီးကရက်သောက်မှုကို လျှော့ချပေးနိုင်ပြီး ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေမှာပါ" ဟု ဆာဘရီက သူ၏ ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။

မလေးရှားတွင် လျှပ်စစ်စီးကရက်အသုံးပြုသူ တစ်သန်းခန့်ရှိနေပြီး အဆိုပါ စီးကရက်များကို တားမြစ်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနက ဝန်ကြီးအဖွဲ့သို့ တင်ပြခဲ့သည်။ လျှပ်စစ်စီးကရက်များတွင် လျှပ်စစ်အငွေ့ထုတ်စနစ်၊ အားပြန်သွင်းနိုင်သည့်ဓာတ်ခံများနှင့် နီကိုတင်းအရည်အနည်းငယ်ထည့်ုထားသည့် အတောင့်တစ်ခုပါဝင်သည်။

လျှပ်စစ်စီးကရက်များသုံးခြင်းသည် စီးကရက်အစစ်များ သောက်သည်ထက် ကျန်းမာရေးနှင့် ပိုမိုကိုက်ညီ ကြောင်း အသုံးပြုသူများက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly