မင်းကွန်းဒေသ ဘုရားပုရဝုဏ်တွင် ဖွင့်လှစ်ထားသော အများပြည်သူအမြင်မတင့်သည့် ဆိုင်ခန်းများရှင်းမည်

မင်းကွန်းဒေသ ဘုရားပုရဝုဏ်တွင် ဖွင့်လှစ်ထားသော အများပြည်သူအမြင်မတင့်သည့် ဆိုင်ခန်းများရှင်းမည်

မန္တလေး၊ ဖေဖေါ်ဝါရီ၂၈ ။                     ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသ သမိုင်းဝင်လေးဌာနအတွင်းဖွင့်လှစ်ထားသော အများပြည်သူ အမြင်မတင့် တယ်သော စျေးဆိုင်ခန်းများအား ရှင်းလင်းသွားမည်ဖြစ်ကြောင်း မင်းကွန်းသမိုင်းဝင်လေးဌာန ထိန်း သိမ်းစောင့် ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်ငြိမ်းကပြောသည်။

`` ခရိုင်၊မြို့နယ် ထွေအုပ်က တာဝန်ရှိသူတွေပူးပေါင်းပြီးတော့ မသင့်တော်တဲ့ ဘုရားနားကစျေးဆိုင်ခန်းတွေကို ဖယ်ရှားရှင်းလင်းဖို့ရှိပါတယ်၊ စံပြအနေနဲ့ မြသိန်းတန်ဘုရားအနီးမှာရှိတဲ့စျေးဆိုင်ခန်းတွေကို အရင်ဆုံးလုပ်သွား မယ်၊ ကားလမ်းနဲ့လွတ်ပြီး စည်းကမ်းတကျရောင်းချဖို့အတွက် အခုလိုလုပ်တာဖြစ်ပါတယ် "ဟု ၎င်းကပြော သည်။

နိုင်ငံခြားခရီးသွားများလာရောက်လည်ပတ်ရာတွင် ဖွင့်လှစ်ထားသော စျေးဆိုင်ခန်းများကြောင့် အနှောင့်အ ယှက်မဖြစ်စေရန်၊ စျေးဆိုင်ခန်းများမှာ ကားလမ်းဘေးတွင်တည်ရှိသောကြောင့် အထင်ကရနေ့များတွင် မော် တော်ယာဉ်သွားလာမှုခက်ခဲခြင်းတို့မရှိစေရန်အတွက် ယခုကဲ့သို့ ရှင်းလင်းခြင်းဖြစ်ကြောင်းသိရသည်။

`` စျေးဆိုင်ခန်းတွေကို သီခြားနေရာမှာ ထားဖို့အတွက် အစည်းအဝေးခေါ်ယူပြီးပါပြီ၊ သူတို့ကလည်း သဘောတူ ပါတယ်၊ စျေးဆိုင်ခန်းတွေကိုလည်း ဆောက်ပေးဖို့လည်းစီစဉ်နေတယ်လို့သိရပါတယ်၊ တစ်နေရာတည်းမှ စုပြီး လုပ်လိုက်တဲ့အတွက် သူတို့(စျေးဆိုင်ခန်း)တွေလည်းရောင်းကောင်းမယ်၊ ခရီးသွားနဲ့ဘုရားဖူးတွေလည်း အဆင် ပြေသွားမှာဖြစ်ပါတယ်``ဟု ဦးကျော်ငြိမ်းကဆက်လက်ပြောသည်။

ပြောင်းရွှေ့ဖွင့်လှစ်ရမည်ဖြစ်သော်လည်း စျေးဆိုင်ခန်းပိုင်ရှင်များနှင့် ညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်ပြီးနှစ်ဦး နှစ်ဖက် အဆင်ပြေစေရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့အတွက် သမိုင်းဝင်လေးဌာနထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဆရာတော်များ၊ အထွေထွေအုပ်ချုပ်မှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စျေးဆိုင်ခန်းပိုင်ရှင် များ တွေ့ဆုံကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

`` မြသိန်းတန်စေတီတော်ရှေ့မှာ စျေးဆိုင်ခန်းတွေကို စနစ်တကျဖြစ်စေဖို့အတွက် လုပ်တာပါ၊ လောလောဆယ် တော့ လုပ်ငန်းလုပ်မယ့် ဘယ်လိုနေရာမှာ ချထားပေးမယ်ဆိုတာကို ပုံစံဆွဲပြီး စျေးသည်တွေနဲ့ အဆင်ပြေ၊မပြေ ပြန်လည်ညှိနှိုင်းပြီးမှ နေရာအတည်ပြုမှာပါ၊ ပုထိုးတော်ကြီးရှေ့လဲဆက်လက်ဆောင်ရွက်သွားမှာပါ " ဟု မင်းကွန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ထွန်းကပြောသည်။

ယခုကိစ္စမတိုင်မှီတွင် မင်းကွန်းဒေသသမိုင်းဝင်လေးဌာန ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သံဃာတော်များက ပုထိုးတော်ကြီးဘုရားမှ မြသိန်းတန်စေတီတော်အထိ အများပြည်သူသွားလာနေသည့် လမ်းမများပေါ် ကျူးကျော် ဖွင့်လှစ်ထားသည့် စျေးဆိုင်ခန်းများ၊ ပျံကျဆိုင်ခန်းများ စနစ်တကျဖွင့်လှစ်ရေးအတွက် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ က အသိပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly