ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေမှာ ပါဝင်မှုအတွက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် ဖမ်းဆီးခံရ

ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေမှာ ပါဝင်မှုအတွက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၈။        ။ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့မှုအတွက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဂျင်မီလိုင်ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ အာဏာပိုင်တွေဘက်က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

ဂျင်မီလိုင်ကတော့ ဟောင်ကောင်မှာ ထင်ရှားတဲ့ မီဒီယာလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ပေကျင်းအစိုးရကို ပြောင်ပြောင်တင်းတင်း ဝေဖန်ခဲ့သူလည်း ဖြစ်ပါတယ်။

Apple Daily သတင်းစာတိုက် ပိုင်ရှင် အသက် ၇၂ နှစ်ရှိ လိုင်ကိုတော့ ယမန်နှစ် သြဂုတ်လ ၃၁ ရက်က ဟောင်ကောင်လူထုစည်းဝေးပွဲတစ်ခုမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အဆိုပါ သြဂုတ် ၃၁ ရက် လူထုစည်းဝေးပွဲကတော့ လုံခြုံရေးအကြောင်းပြချက်တွေနဲ့ ရဲတပ်ဖွဲ့ဘက်က ပိတ်ပင်တားမြစ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုအခါမှာ လိုင်ကို ဖမ်းဆီး တရားစွဲဆိုထားလိုက်ပြီဖြစ်ကာ ၎င်းအပြင် အခြားသော ထင်ရှားတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ကြတဲ့ လီချောက်ယန် နဲ့ ယီအန်ဆန် တို့နှစ်ဦးတို့ကိုလည်း တရားစွဲထားကြောင်း ဟောင်ကောင် ရဲတပ်ဖွဲ့က ပြောသွားခဲ့ပါတယ်။

၎င်းတို့ သုံးဦးအနေနဲ့ ခွင့်ပြုချက်မရှိ စုဝေးမှု အတွက် စီရင်ချက်ချမှတ်ခံရမယ်ဆိုရင်တော့ အများဆုံး ထောင် ငါးနှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly