ကိုရိုနာဗိုင်းရပ်စ်ကိုတားဆီးရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မှု အဓိကကျဟု WHO ပြော

ကိုရိုနာဗိုင်းရပ်စ်ကိုတားဆီးရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မှု အဓိကကျဟု WHO ပြော

ဖေဖော်ဝါရီ ၂၅ ။               ။ ကိုရိုနာဗိုင်းရပ်စ်သစ် (Covid-19) ကြောင့် ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသတွေမှာ သေဆုံးမှု၊ ရောဂါကူးစက်မှုတွေ ထပ်မံဖြစ်ပွားနေတဲ့အတွက် ကမ္ဘာအနှံ့ဖြစ်ပွားနေ တဲ့အဆိုပါ ရောဂါကို တားဆီးနိုင်ရေး နိုင်ငံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) က သတိပေးလိုက်ပါတယ်။

WHO-China ပူးတွဲမစ်ရှင်ရဲ့ အကြီးအကဲဖြစ်တဲ့ ဘရုစ်အဲလ်ဝါ့ဒ်က တရုတ်တို့ရဲ့ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့မှုတွေက လူပေါင်းများစွာကို ရောဂါကူးစက်ခံရမှုကို တားဆီးပေးနိုင်ခဲ့ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်နို င် မှုက အဓိကကျတယ်လို့ ပြောပါတယ်။

WHO ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ တက်ဒရော့စ်အက်ဒ်ဟာနွမ် ဂယ်ဘရဲရယ်ဆွတ် က လည်း “တရုတ်နိုင်ငံမှာ ဇန်နဝါရီ ၂၃ နဲ့ ဖေဖော်ဝါရီ ၂ ရက်ကြားက ဗိုင်းရပ်စ်ကူးစက်မှုအမြင့်ဆုံးပါ၊ အဲဒီနောက်ပိုင်း တဖြည်းဖြည်းနဲ့ ကူး စက်နှုန်းကျလာပါတယ်။ ဗိုင်းရပ်စ်ကို ထိန်းချုပ်လို့ရပါတယ်” ဆိုပြီး ဂျနီဗာမှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ ဝူဟန်မြို့အပါအဝင် အနီးအနားတစ်ဝိုက်မှာ အဝင်အထွက်တွေပိတ်ဆို့ကာ လူတွေကို သီးသန့် ထား စောင့်ကြည့်မှုတွေလုပ်ပြီး ရောဂါထပ်မပြန့်ပွားအောင် တားဆီးပေးခဲ့တဲ့ တရုတ်ကိုလည်း တက်ဒရော့စ်က ချီးမွမ်းပြောဆိုခဲ့ပါတယ်။

အီရန်က မြို့ပေါင်း၁၁ မြို့နဲ့ ကိုရီးယားနိုင်ငံက လူဦးရေ ၂ ဒဿမ ၅ သန်းလောက်ရှိတဲ့ ဒယ်ဂူးမြို့ကိုလည်း အဝင်အထွက်တွေတားမြစ်ထားပါတယ်။

အီရန်မှာလည်း မနေ့က သေဆုံးသူ ၁၂ ဦးအထိမြင့်တက်ခဲ့ပြီး တရုတ်ပြင်ပ သေဆုံးမှုအများဆုံးနိုင်ငံဖြစ်ပါတယ်။

အီရန်ရဲ့ဘာသာရေးမြို့တော်ဖြစ်တဲ့ ကွန်းမြို့မှာလူ ၅၀ သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံဥပဒေပြုလွှတ်တော်အမတ်တစ်ဦးက ပြောဆိုခဲ့‌ပေမယ့် အီရန်အစိုးရ ငြင်းဆန်ခဲ့ကာ အချက်အလက်တွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာကြောင့် ဖေဖော်ဝါရီ ၂၅ ရက်အထိ သေဆုံးသူ ၂၆၆၃ ဦးနှင့် ကူးစက်ခံရသူ ၇၇၆၀၀ ကျော်ရှိပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly