တီးတိန်မြို့နယ်ရှိ ကုန်တင်ကုန်ချအလုပ်သမား တစ်ထောင်ကျော် ဆန္ဒပြမည်

တီးတိန်မြို့နယ်ရှိ ကုန်တင်ကုန်ချအလုပ်သမား တစ်ထောင်ကျော် ဆန္ဒပြမည်
ဓာတ်ပုံ-ဟောဆာ(ရာမည)

ရန်ကုန်၊ အောက်တိုဘာ ၃၀ ။ ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိုင်မွာလ်ရွာသစ်ရှိ ကုန်တင်ကုန်ချအလုပ်သမား အဖွဲ့ကို ရိခေါရ်ဒါရ်မြို့၏ ကြီးကြပ်မှုအောက်တွင် ထားရှိခြင်းအပေါ် ကျေနပ်မှုမရှိ၍ အလုပ်သမားတစ်ထောင်ကျော် ဆန္ဒပြမည်ဟု ဟိုင်မွာလ်ရွာသစ်အလုပ်သမားစုမှူး ဦးဝိုလ်လုန်းက ပြောကြားသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့က ၂၀၁၅ စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ချက်ကြောင့် နိုဝင်ဘာ ၂၀  ရက်တွင် တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး နှင့် ရိခေါရ်ဒါလ်မြို့တွင် ဆန္ဒပြမည်ဖြစ်ပြီး အစိုးရအဖွဲ့ကိုလည်း အကြောင်းကြားထားပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

"ကျွန်တော်တို့ကတော့ ဒါကို လုံးဝလက်မခံပါ။ ကိုယ့်မြို့နယ်အလိုက် အုပ်ချုပ်ချင်တယ်။ အေးအေးဆေးဆေးပဲ လုပ်ချင်တယ်၊ အခုဘာတွေ ဖြစ်လာတာလဲဆိုတာ ကျွန်တော်တို့လည်း မသိတော့ဘူး"ဟု ၎င်းက ထပ်လောင်းပြောသည်။

ဟိုင်မွာလ်ရွာသစ်သည် တီးတိန်မြို့နယ်၏ နယ်စပ်ကုန်သွယ်ရေး စခန်းအဖြစ် အစိုးရက၂၀၀၃ ခုနှစ်တွင် သတ်မှတ်ထားခဲ့ပြီး ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags