အီရန်မှာ ငလျင်လှုပ်ရာ အိမ်နီးချင်း တူရကီ၌ ရှစ်ဦး သေဆုံး

အီရန်မှာ ငလျင်လှုပ်ရာ အိမ်နီးချင်း တူရကီ၌ ရှစ်ဦး သေဆုံး

ဖေဖော်ဝါရီ ၂၄ ။                  ။ အီရန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တနင်္ဂနွေနေ့က ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်တာကြောင့် အိမ်နီးချင်း တူရကီနိုင်ငံမှာ လူရှစ်ဦးသေဆုံးပြီး နယ်စပ်နှစ်ဖက်စလုံးမှာ ထိခိုက်ဒဏ်ရာရသူ ဒါဇင်များစွာ ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

“ကျွန်တော်တို့ နိုင်ငံသား ရှစ်ဦး သေဆုံးရတယ်။ သေဆုံးသူတွေမှာ ကလေး သုံးဦးပါတယ်။”လို့ တူရကီပြည်ထဲရေးဝန်ကြီး ဆူလီမန်ဆွိုင်လူက ပြောကြောင်း နိုင်ငံပိုင် အန်နာဒိုလူသတင်းဌာနက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၂၁ ဦး ရှိပြီး ရှစ်ဦးက စိုးရိမ်ရတယ်လို့ ကျန်းမာရေးဝန်ကြီး ဖာ့ရှ်ရတ်တင်ကိုကာက ပြောကြောင်း ယင်းသတင်းဌာနက ဖော်ပြပါတယ်။

အီရန်နယ်စပ်က ဗန်ပြည်နယ်မှာ ဆီးနှင်းဖုံးတဲ့ ကျေးရွအချို့က အိမ်ခြေတွေ ပြိုကျပျက်စီးနေတာကို တူရကီရုပ်သံ NTV က ထုတ်လွှင့်ပြသခဲ့ပါတယ်။

“ခုချိန်ထိတော့ အပျက်အစီးပုံတွေအောက် ပိတ်မိနေသူ ရှိတာကို မတွေ့သေးဘူး။”လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး မက်ရှ်မတ်ကအီမင်က ပြောပါတယ်။

ငလျင်ဗဟိုဟာ တူရကီနယ်စပ်ကနေ ခြောက်မိုင်လောက်အကွာ အီရန်ကျေးရွာတစ်ရွာအနီး ဒေသစံတော်ချိန် ၉ နာရီ ၂၃ မိနစ်မှာ မြေအောက် ခြောက်ကီလိုမီတာအနက်မှာ လှုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly