အလုပ်သမားအခွင့်အရေး တောင်းဆိုသူများ ဒဏ်ငွေကျပ်တစ်သောင်း အမိန့်ချ

အလုပ်သမားအခွင့်အရေး တောင်းဆိုသူများ ဒဏ်ငွေကျပ်တစ်သောင်း အမိန့်ချ
 (ဓာတ်ပုံ-အောင်ကိုဦး/မဇ္ဈိမ)

မန္တလေး၊ ဖေဖေါ်ဝါရီ ၂၁။         ။ အလုပ်သမားအခွင့်အရေးများ အပြည့်အဝ ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်စီတန်းလှည်လည်ခွင့် ဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆို ခံထားရသူ အလုပ်သမား ခေါင်းဆောင် ရှစ်ဦးကို ဖေဖေါ်ဝါရီ ၂၁ ရက် နံနက် ၁၁ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ဒဏ်ငွေကျပ်တစ်သောင်း အမိန့်ချမှတ်လိုက်သည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်စီတန်းလှည်လည်ခွင့် ဥပဒေ ပုဒ်မ ၂၀ သည် ထောင်ဒဏ် ၇ ရက် (သို့)ဒဏ်ငွေကျပ်တစ်သောင်းချမှတ်နိုင်သော ပုဒ်မ ဖြစ်သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ မန္တလေးမြို့တွင် အလုပ်သမားတရားရုံးများပေါ်ပေါက်ရေး ၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းရေး ၊ နိုင်ငံ့ဝန်ထမ်းများအား အလုပ်သမားအငြင်းပွာမှု ဥပဒေတွင်ထည့်သွင်းရေး ၊ ဆောက်လုပ်ရေးအလုပ်သမားများအား ကန့်သတ်သည့် ညွှန်ကြားချက်များဖျက်သိမ်းရေး ၊ အထူးစီးပွားရေးဇုန်လုပ်သားများ ဥပဒေအကာအကွယ်ရရှိရေး ၊ အလုပ်သမားဥပဒေများကို ILO စံနှုန်းနဲ့အညီ ပြင်ဆင်ရေး ၊ ILO ပြဌာန်းချက် (၉၈) အား အစိုးရမှ လက်မှတ်ရေးထိုးပေးရေး ၊မန္တလေးတိုင်းအတွင်း အလုပ်သမားဝန်ကြီး ခန့်အပ်ပေးရေး စသည်တို့ကို တောင်းဆိုဆန္ဒပြခဲ့ခြင်းကြောင့် မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်မှ ကိုသက်နှင်းအောင် အပါအဝင် အလုပ်သမားခေါင်းဆောင်ကိုနေလင်းအောင် ၊ ဦးသောင်းညွှန့် ၊ ဒေါ်စိုးနန္ဒာမြင့် ၊ ဒေါ်ဖြိုးစန္ဒာစိုး၊ ဦးတင့်ရှိန်စိုး ၊ ကိုသူရနှင့် ဒေါ်သန်းသန်းမြင့် (ခ) ဒေါ်စုစုနိုင်တို့ကိုငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်စီတန်းလှည်လည်ခွင့် ဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly