တရုတ်နိုင်ငံတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ်လူနာတွေ ဆေးရုံပေါ်မှ ဆင်း

တရုတ်နိုင်ငံတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ်လူနာတွေ ဆေးရုံပေါ်မှ ဆင်း

ဖေဖော်ဝါရီ ၂၀။         ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားရာ ဗဟိုချက် ဝူဟန်မြို့နဲ့ တရုတ်နိုင်ငံတစ်ဝန်းမှာ ကိုရိုနာကူးစက်ခံရတဲ့ လူနာတွေ သက်သာပျောက်ကင်းတာကြောင့် ဆေးရုံကနေ ဆင်းလာနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။

COVID – 19 ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်းဟာ တရုတ်နိုင်ငံအတွင်းမှာ လူပေါင်း ၇၄၀၀၀ ကျော် ရှိပါတယ်။

ဒီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ လူ ၂၁၁၈ ဦး သေဆုံးပြီး ပြန်လည်နာလန်ထကျန်းမာလာသူပေါင်း ၁၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံရဲ့ လုံ့လစိုက်ထုတ် လုပ်ဆောင်မှုတွေဟာ အလုပ်ဖြစ်တယ်လို့ လာအိုမှာ ကျင်းပတဲ့ အာဆီယံ ဆယ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံအပြီးမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက ပြောပါတယ်။

“တရုတ်နိုင်ငံဟာ သူ့နိုင်ငံရဲ့ ပြည်သူတွေကို ကာကွယ်ပေးရုံသက်သက်သာ လုပ်ဆောင်ခဲ့တာ မဟုတ်ဘဲ ကမ္ဘာ့ကျန်နိုင်ငံတွေက ပြည်သူတွေကိုပါ ကာကွယ်ပေးနိုင်အောင် ကြိုးစားလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။”လို့ ဝန်ယီက ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အသစ် ကူးစက်မှုနှုန်းထားလည်း သိသိသာသာ ကျဆင်းလာပြီဖြစ်တယ်လို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly