ရည်းစား ရာကျော်အောင် ထားသည့် ဇနီးကို ခင်ပွန်းဖြစ်သူက သတ်ဖြတ်ကာ အမှိုက်ကန်ထဲ လွှင့်ပစ်ထား

ရည်းစား ရာကျော်အောင် ထားသည့် ဇနီးကို ခင်ပွန်းဖြစ်သူက သတ်ဖြတ်ကာ အမှိုက်ကန်ထဲ လွှင့်ပစ်ထား

ဗြိတိန်နိုင်ငံတွင် ရည်းစားပေါင်း ၁၀၀ ကျော်မက ထားရှိသည့် ဇနီးဖြစ်သူအား ခင်ပွန်းသည်အမျိုးသားက သတ်ဖြတ်ခဲ့မှုဖြစ်ပွားသည်။

ဒီဗွန်စီရင်စု ဒေါလစ်အရပ်တွင် နေထိုင်သည့် ဂျိမ်းမတ်ဒေါနယ်ဆိုသူ အသက် ၃၇ နှစ်အရွယ်ရှိသူက ဆိုဖီဆိုသည့် ၎င်း၏ ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး နေထိုင်ရာ တိုက်ခန်းအနီးရှိ အမှိုက်ကန်အတွင်းသို့ စွန့်ပစ်ထားခဲ့ခြင်းဖြစ်သည်။

ကလေးသုံးယောက်ရှိသည့် ၎င်းတို့ ဇနီးမောင်နှံသည် အိမ်ထောင်ရေး ကွာရှင်းပြတ်ဆဲရန်အကြောင်း အငြင်းအခုံဖြစ်ရာမှ ဒေါနယ်က ဇနီးသည် ဆိုဖီကို သတ်ဖြတ်မိခြင်းဖြစ်သည်။ မိသားစုနှင့် ရဲဌာနကို အစပိုင်းတွင် ဇနီးသည် ဆိုဖီ ပျောက်ဆုံးနေကြောင်း ဒေါနယ်က လိမ်ညာပြောခဲ့ပြီး နောက်ပိုင်းတွင်မှ ဝန်ခံလာခြင်းဖြစ်သည်။

ရဲက ပျောက်ဆုံးဇနီးသည်က ပြန်ပေးဆွဲခံထားရခြင်းဖြစ်မည်ဟု မထင်ဘူးလားဟု မေးခဲ့ရာက ဒေါနယ်က ရယ်လျက် သူလိုလူကို ဘယ်သူက သွေးဆောင်ပြန်ပေးဆွဲမလဲဟု ဖြေခဲ့သည်ဟု ဆိုသည်။ ဆိုဖီသည် ၎င်းနှင့် ပေါင်းသင်းနေစဉ် အိမ်ထောင်သက် ၁၆ နှစ်တာအတွင်း ရည်းစားထည်လဲတွဲခဲ့သည်မှာ တစ်ရာကျော်ထက်မနည်းရှိသည်ဟု အမှုပေါ်ပေါက်ပြီးနောက်တွင်   ဒေါနယ်က   ပြောဆိုလာခဲ့သည်။

လူသတ်မှုဖြစ်ပွားခြင်းကို ထွက်ချက်ပေးရာတွင် ကွာရှင်းပြတ်စဲကြဖို့ စကားများရန်ဖြစ်ရာမှ ရည်းစားမှိုလိုပေါက်အောင် ထားသည့် ဇနီးသည်အပေါ်တွင် ခံပြင်းဒေါသစိတ်ဝင်ပြီး လည်ပင်းကို ဝါယာကြိုးဖြင့် ညှစ်မိခဲ့၍ သေဆုံးသွားရခြင်းဖြစ်ကြောင်း၊ ထိုနောက် ဆိုဖီ၏ အလောင်းကို အိတ်အတွင်းထည့်သိုကာ အနီးရှိ အမှိုက်ကန်တွင် သွားလွှင့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

ထိုသို့ထွက်ဆိုသော်လည်း လက်လွန်ခြေလွန်ဖြစ်သွားခြင်းသာဖြစ်သည် ဝန်ခံသော်လည်း လူသတ်ဖြတ်ရခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

Ref ; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly