ထိုင်းနိုင်ငံ ဖူးခတ်ကမ်းခြေ၌ မော်တော်ဘုတ်နှစ်စီးတိုက်မိ ရုရှားကလေးနှစ်ဦးသေဆုံး

ထိုင်းနိုင်ငံ ဖူးခတ်ကမ်းခြေ၌ မော်တော်ဘုတ်နှစ်စီးတိုက်မိ ရုရှားကလေးနှစ်ဦးသေဆုံး

ဖေဖော်ဝါရီ ၁၁ ။                          ။ ထိုင်းနိုင်ငံ ဖူးခတ်ကမ်းခြေတွင် ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းက ကမ္ဘာလှည့်ခရီးသွားများစီးလာသည့် မော်တော်ဘုတ်နှင့် အခြားမော်တော်ဘုတ်တစ်စီးတို့ ဆိပ်ခံ တံ တားတစ်ခုအနီးတွင်တိုက်မိပြီး ရုရှားကလေးငယ်နှစ်ဦး သေဆုံးသွားကြောင်းသိရသည်။

ဖူးခတ်ရှိ ဆိပ်ခံတံတားတစ်ခု၏ ၁၀၀ မီတာအကွာခန့်တွင် ရုရှားနိုင်ငံသားများစီးနင်းလာသည့် speed boat နှင့် အခြားမော်တော်ဘုတ်တစ်စီးတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်ကြောင့် ရုရှားလူမျိုး ၁၂ နှစ်အရွယ်ယောက်ျားလေးတစ်ဦးနှင့် ၆ နှစ်အရွယ်မိန်းကလေးတစ်ဦးတို့ သေဆုံးခဲ့ပြီး အခြား ၂၁ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

မော်တော်ဘုတ်နှစ်စီးလုံးက ယာဉ်မောင်းသူများ၏ အရှိန်မြန်မောင်းနှင်မှုကြောင့် တိုက်မိခြင်းဖြစ်ကြောင်း အာဏာပိုင်များကပြောသည်။

ထိုင်းနိုင်ငံ လူစည်ကားရာအပန်းဖြေနေရာများ၌ လုံခြုံရေးဆိုင်ရာစည်းမျဉ်းများ လျော့ရဲအားနည်းမှုကြောင့် မော်တော်ကား၊ ဆိုင်ကယ် နှင့် မော်တော်ဘုတ် စသည့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Mizzima Weekly