ထူးခြားလှပတဲ့ တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်များစွာထဲမှ နာဂရိုးရာနှစ် သစ်ကူး ပွဲတော်အခမ်းအနားကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာဇန်နဝါရီလ ၁၄ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပွဲတော်ကို နိုင်ငံတော် သမ္မတကြီးဦးဝင်းမြင့် နဲ့ သက်ဆိုင်ရာဝန်ကြီးများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကျပါတယ်။
မြန်မာနိုင်ငံမှာ ထူးခြားလှပတဲ့ တိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော် များစွာရှိတဲ့အထဲမှာ နာဂရိုးရာနှစ်သစ်ကူးပွဲတော်သည်လည်း တစ်ခုအပါ အဝင်ဖြစ်ပါတယ်။
နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂတိုင်းရင်းသားတို့ရဲ့ယဉ်ကျေးမှုရိုးရာအကများ၊ ရိုးရာတေးသီချင်းများ၊ ဝတ်စားဆင်ယင်မှုများ အပြင် ရိုးသားဖြူစင်ဖော်ရွေတတ်တဲ့ စိတ်နှလုံးသားများနှင့် ခင်မင်ဖွယ်ရာ အပြုံးများကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။