တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှုမှာ မြေဇာပင်ဖြစ်နေရတဲ့ အိမ်မွေးတိရစ္ဆာန်လေးများ

တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှုမှာ မြေဇာပင်ဖြစ်နေရတဲ့ အိမ်မွေးတိရစ္ဆာန်လေးများ

ဖေဖော်ဝါရီ ၇ ။                  ။ ကိုရိုနာဗိုင်းရပ်စ်ဟာ အိမ်မွေးတိရစ္ဆာန်တွေကနေ ကူးစက်နိုင်တယ်ဆိုပြီး သက်သေပြနိုင်တာမျိုး မရှိသေးပါ။ဒါပေမယ့် တရုတ်နိုင်ငံမှာ ဒီ ဗိုင်းရပ်စ်သစ်ကြောင့် ကွင်းဆက်သား ကောင်ဖြစ်ရတာကတော့ အိမ်မွေးတိရစ္ဆာန်တွေပဲ ဖြစ်ပြီး အိမ်မွေးတိရစ္ဆာန်တွေကနေတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်မှာ စိုးရိမ်ကြောက်လန့်မှုတွေ ရှိလာပါတယ်။

တစ်ချို့ဆိုရင် အိမ်မွေးတိရစ္ဆာန်တွေက ဒီ ကိုရိုနာဗိုင်းရပ်စ် သယ်ဆောင်ထားနိုင်တယ်ဆိုပြီး သူတို့ရဲ့ အချစ်တော် အိမ်မွေးတိရစ္ဆာန်တွေကို စွန့်ပစ်ကြတဲ့အထိပါပဲ။ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေ ကူးစက် လာ တာဟာ တောရိုင်းတိရစ္ဆာန်တွေကို ရောင်းဝယ်ဖောက်ကားတာနဲ့ စားသုံးတာကနေ ကူးစက်လာနိုင်တာလို့ ယူဆထားကြပြီး အစိုးရကတောင် ဒီလို ရောင်းဝယ်တာနဲ့ စားသောက်တာတွေကို ယာယီတားမြစ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့ကနေ အစပြုတယ်လို့ ယူဆထားပေမယ့် ပညာရှင်အများစုကတော့ ဒီ လင်းနို့ကနေ လူဆီကို ကူးစက်ဖို့ စပ်ကြားတိရစ္ဆာန် ရှိရမယ်လို့ ကောက်ချက်ချထားတာ ဖြစ်ပါတယ်။

ဒီအတွက် စပ်ကြားတိရစ္ဆာန်အရေး စိုးရိမ်ပြီး ကိုရိုနာဗိုင်းရပ်စ်အရေးမှာ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ မြေဇာပင်ဘဝ ရောက်ရှိတော့ပြီး စွန့်ပစ်ခံရတာတွေ ရှိလာတော့တာ ဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၆၃၀ ကျော် ရှိပြီး ကူးစက်သူပေါင်း ၃၁၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly