မန္တလေးတိုင်းအတွင်း တရားမဝင် နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်နေထိုင်နေသည့် ပြည်ပနိုင်ငံသားများကို အထူးစီမံချက်နှင့်စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်ပေးရေးအဆိုကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်သို့ မိတ္ထီလာမြို့နယ် မဲဆန္ဒနယ် အမှတ် ၁မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက တင်သွင်းခဲ့သည်။
ရိုက်ကူး/တည်းဖြတ်. အောင်ကိုဦး