ဆိုမာလီယာမှာ ကျိုင်းကောင်အန္တရာယ်ကြောင့် အရေးပေါ်အခြေအနေ ကြေညာ

ဆိုမာလီယာမှာ ကျိုင်းကောင်အန္တရာယ်ကြောင့် အရေးပေါ်အခြေအနေ ကြေညာ

ဖေဖော်ဝါရီ ၃ ။                 ။ ဆိုမာလီယာနိုင်ငံမှာ ကျိုင်းကောင်တွေ ကျူးကျော်သောင်းကျန်းနေတာကြောင့် ဖေဖော်ဝါရီ ၂ ရက်မှာ အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ သွားခဲ့ ပါတယ်။ အ ဆိုပါ ကျိုင်းကောင်တွေဟာ ဆိုမာလီယာအပါအဝင် အာဖရိက ဦးချိုဒေသ တခွင် သောင်းကျန်းနေလျက် ရှိပြီး အဆိုပါ အင်းဆက်တွေက ယခုအခါ ကမ္ဘာပေါ်က အဆင်းရဲဆုံး ဒေသတစ်ခုရဲ့ စားနပ်ရိက္ခာ ဖူလုံနိုင်မှုအပေါ်မှာပါ အကြီးအကျယ် ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။

“ လက်ရှိမှာ ဒီ ကျိုင်းကောင်တွေက တဟုန်ထိုး များပြားလာနေတဲ့အတွက် အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာလိုက်ရပါတယ်၊ နဂိုကတည်းကမှ နိုင်ငံမှာ အစားအစာ ဖူလုံနိုင်ဖို့အတွက် စိတ်မချ ရ ဖြစ်နေချိန်မှာ ဒီအင်းဆက်တွေက နိုင်ငံအတွက်တော့ အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်နေပါပြီ” လို့ ဆိုမာလီယာ စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။ရာသီဥတု အခြေအနေတွေ အလွန် အကျွံ ပြောင်းလဲခြင်းကြောင့် ခုလို ကျိုင်းကောင်တွေ တဟုန်ထိုး များပြားလာခြင်း ဖြစ်တယ်လို့ ပညာရှင်တွေက ပြောနေကြပါတယ်။

အာဖရိကဒေသတွင်း ဒီလို ကျိုင်းကောင်တွေ သောင်းကျန်းနေပေမယ့် ဒါနဲ့ပတ်သက်လို့ အရေးပေါ်အခြေအနေအဖြစ် ဆိုမာလီယာက ပထမဆုံး ထုတ်ပြန်ကြေညာလာခဲ့တာလည်း ဖြစ်ပါတယ်။

အာဖရိက ဦးချိုဒေသမှာတော့ ခုတစ်ကြိမ် ကျိုင်းကောင်တွေ သောင်းကျန်းမှုကတော့ နှစ်ပေါင်း ၂၅ နှစ်တာအတွင်း အဆိုးဆုံး အခြေအနေဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly