ဖေဖော်ဝါရီ ၃ ။ ။ တန်ဇန်နီးယားနိုင်ငံ မြောက်ပိုင်းက ဧဝံဂေလိအသင်းတော် ခရစ်ယာန်ဘုရားကျောင်းမှာ လူအုပ်ပြိုမှု ဖြစ်ပြီး လူ ၂၀ သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂ ရက် မှာ ပြောပါတယ်။ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ပွားတဲ့ အဲဒီ လူအုပ်ပြိုမှုမှာ သေဆုံးသူ ထပ်တိုးလာနိုင်ကြောင်း မြောက်ပိုင်း မိုရှီမြို့က ခရိုင်ကော်မရှင်နာမင်းကြီး ကစ်ပီဝါရီယိုဘာက ပြောပါတယ်။
ခုထိတော့ သေဆုံးသူ ၂၀ ရှိပြီ။ ဒါပေမယ့် ဒဏ်ရာရသူတွေ ရှိထားတာမို့ သေဆုံးသူ တိုးလာနိုင်တယ်။”လို့ ဝါရီယိုဘာက အေအက်ဖ်ပီသို့ ပြောပါတယ်။ဒီ လူအုပ်ပြိုမှုအတွင်းမှာ ထိခိုက်ဒဏ်ရာရသူပေါင်း ၁၆ ဦး အနည်းဆုံး ရှိတယ်လို့ ၎င်းက ဖြည့်စွက်ဆိုပါတယ်။ထင်ရှားကျော်ကြားတဲ့ ဘုန်းတော်ကြီး ဘိုနီဖေ့မဝမ်ပိုဆာ ဦးဆောင်ပြုလုပ်တဲ့ ဖေဖော်ဝါရီ ၁ ရက်က ဝတ်ပြုဆုတောင်းပွဲကို တက်ရောက် လာသူ တွေ ကြား လူအုပ်ပြိုမှု ဖြစ်ပွားတာ ဖြစ်ပါတယ်။
ကိုယ်ကိုကို တမန်တော် တစ်ဦးဖြစ်တယ်လို့ ပြောဆိုထားတဲ့ မဝမ်ပိုဆာဟာ ဆီမန်း ပက်ဖျန်းချိန် အဲဒီ ဆီမန်းဟာ ဖျားနာမကျန်းဖြစ်တာကို ပျောက်ကင်းစေတယ်လို့ ယုံကြည်တဲ့ လူအုပ်က ဆီမန်း ရဖို့ လုယက်တိုးဝှေ့ကြရာက လူအုပ်ပြိုမှု ဖြစ်တာလို့ မျက်မြင်တွေက ပြောကြပါတယ်။ည်။