သတင်းခန်း အလုပ်နေရာ ၄၅၀ လျှော့ချမည်ဟု BBC ပြော

သတင်းခန်း အလုပ်နေရာ ၄၅၀ လျှော့ချမည်ဟု BBC ပြော

ဇန်နဝါရီ ၃၀  ။          ။ သတင်းခန်း အလုပ်အကိုင်နေရာပေါင်း ၄၅၀ ကို လျှော့ချသွားမည်ဟု ဗြိတိသျှ ထုတ်လွှင့်မှု ကော်ပိုရေးရှင်း (BBC) က ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပြောင်းလဲနေသော ပရိသတ် တောင်းဆိုမှုများနှင့် လိုက်လျောညီထွေဖြစ်စေရန်နှင့် ဘဏ္ဍာငွေကြေး ချွေတာရေး ရည်မှန်းချက်များ ပြည့်မီရန် ရည်ရွယ်လုပ်ဆောင်သော အစီအစဉ် တစိတ်တဒေသအဖြစ် ယခုကဲ့သို့ အလုပ်နေရာများ လျှော့ချရန် BBC က စီစဉ်ခြင်း ဖြစ်သည်။

BBC အကြီးအကဲ တိုနီ ဟောလ်က မကြာမီ ရာထူးမှ ဆင်းတော့မည်ဟု ထုတ်ဖော်ပြောဆိုပြီးနောက် တပတ်အကြာမှာပင် ယခုကဲ့သို့ အလုပ်နေရာ လျှော့ချမှု ကိစ္စ ထွက်ပေါ်လာခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် အဆိုပါ ကော်ပိုရေးရှင်းအနေဖြင့် လစာငွေ သာတူညီမျှ ရရှိရေး တောင်းဆိုမှုများ၊ ယင်း၏ ရှေ့ကာလ ငွေကြေးထောက်ပံ့မှု ပုံစံနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများနှင့်လည်း လုံးပန်းနေရလျက် ရှိသည်။

“ ပရိသတ်တွေရဲ့ တောင်းဆိုတဲ့ အပေါ် မူတည်ပြီး ဘီဘီစီအနေနဲ့ ရပ်တည်လှုပ်ရှားသွားရမှာ ဖြစ်ပါတယ်၊ ကျွန်မတို့ဟာ ကမ္ဘာပေါ်မှာ ယုံကြည်စိတ်အချရဆုံး သတင်းလုပ်ငန်းအဖွဲ့အစည်းတစ်ခုအြဖစ် ဆက်ရှိနေစေဖို့ ကျွန်မတို့ လုပ်ဆောင်သွားရပါမယ်၊ ဒါပေမယ့် အရေးအကြီးဆုံးက ကျွန်မတို့ လက်ရှိမှာ မပေါက်ရောက်နိုင်သေးတဲ့ လူတွေအတွက်လည်း သင့်တော်အပ်စပ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်နေရပါမယ်” ဟု သတင်းနှင့် မျက်မှောက်ရေးရာ ဌာန ဒါရိုက်တာ ဖရန် အန်ဆွာ့သ်က ပြောသွားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly