ကာရစ်ဘီယံပင်လယ်ထဲမှာ ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်ကြီး လှုပ်

ကာရစ်ဘီယံပင်လယ်ထဲမှာ ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်ကြီး လှုပ်

ဇန်နဝါရီ ၂၉ ။         ။ ပြင်းအား ၇ ဒသအ ၇ အဆင့် ရှိတဲ့ အားပြင်းငလျင်တစ်ခု ဇန်နဝါရီ ၂၈ ရက်က ကျူးဘားနဲ့ ဂျမေကာအကြား ကာရစ်ဘီယံ ပင်လယ်တွင်းမှာ လှုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်း အန္တရာယ်သတိပေးချက်တစ်ခုလည်း ထုတ်ခဲ့ရပြီး ကျူးဘားနိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ ဟာဗားနားမှာဆိုရင် ပြည်သူရာနဲ့ချီတို့ဟာ အထိတ်တလန့်နဲ့ လမ်းတွေပေါ် ပြေးထွက်လာခဲ့ကြရပါတယ်။

ငလျင်လှုပ်တာကို အမေရိကန်မှာလည်း သိရှိခံစားခဲ့ရပြီး မီယာမီမြို့မှာ ဆိုရင် ကြိုတင်ကာကွယ်မှုအနေနဲ့ ရဲတွေဟာ အဆောက်အအုံတစ်ချို့ကို ရှင်းလင်းပြောင်းရွှေ့တာတွေ လုပ်ခဲ့ရပါတယ်။

အဆိုပါ ငလျင်ဟာ အနက် ၁၀ ကီလိုမီတာ (ခြောက်မိုင်) မှာ လှုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ဘူမိလေ့လာရေးအဖွဲ့ (USGS) က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ငလျင်ကြောင့် လက်တလော ထိခိုက်ပျက်စီးမှု သတင်းတွေ ထွက်ပေါ်လာခြင်း မရှိသေးသလို ထိခိုက် ပျက်စီးနိုင်တဲ့ အလားအလားလည်း အတော်လေး နည်းပါးနိုင်တယ်လို့ USGS က ခန့်မှန်းထားပါတယ်။

ငလျင်ကြောင့် ဂျမေကာ၊ ကျူးဘား၊ မက္ကဆီကို၊ ဟွန်ဒူးရပ်စ်၊ ကေးမန်းကျွန်းစုတွေကို ဆူနာမီလှိုင်းတွေ ရောက်လာနိုင်တယ်ဆိုပြီး အစောပိုင်းက အမေရိကန် ပစိဖိတ် ဆူနာမီ သတိပေးရေး စင်တာက ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ယင်းထုတ်ပြန်ချက်ကို ပြန်ရုပ်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly