ဘရာဇီးတွင် မိုးသည်းထန်မှုကြောင့် သေဆုံးသူ ၄၅ ဦးအထိ ရှိလာကာ မြို့ပေါင်း ၁၀၀ ကျော်ကို အရေးပေါ်အခြေအနေ ကြေညာ

ဘရာဇီးတွင် မိုးသည်းထန်မှုကြောင့် သေဆုံးသူ ၄၅ ဦးအထိ ရှိလာကာ မြို့ပေါင်း ၁၀၀ ကျော်ကို အရေးပေါ်အခြေအနေ ကြေညာ

ဇန်နဝါရီ ၂၈ ။        ။ ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း မီနက်ဂါရာအစ်ပြည်နယ်တွင် မိုးသည်းထန်မှုကြောင့် သေဆုံးသူ ၄၅ ဦးအထိ ရှိလာကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၂၇ ရက်၌ ပြောပြီး မြို့ပေါင်း ၁၀၁ မြို့ကို အရေးပေါ် အခြေအနေ ကြေညာထားသည်ဟု ထပ်လောင်းဆိုသည်။

ပျောက်ဆုံးနေသူ ၁၈ ဦး ရှိပြီး နေအိမ်စွန့် ဘေးလွတ်ရာ ရွှေ့ပြောင်းရသူပေါင်းက ၁၃၈၈၇ ဦး ရှိသည်ဟု ပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးရုံးက ထုတ်ပြန်သည်။

စာသင်ကျောင်းများနှင့် အများပြည်သူ အားကစားရုံများကို အရေးပေါ်ခိုလှုံရေးစခန်းများအဖြစ် ဖွင့်လှစ်ထားရာသို့ လာရောက်ခိုလှုံနေထိုင်သူပေါင်း ၃၃၅၄ ဦး ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။

ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် မိုးအနည်းငယ် အားပျော့သွားခဲ့ရာ မီးသတ်သမားများက ပျောက်ဆုံးသူများကို လိုက်လံရှာဖွေလျက် ရှိနေသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြုံရသော မြို့ ၁၀၁ မြို့တွင် ပြည်နယ်အစိုးရက အရေးပေါ်အခြေအနေ ကြေညာထားပြီး ကာတက်အယ်တက်၊ အီဘီရီတီနှင့် အိုရီဇာနီးယားမြို့များတွင် ဘေးအန္တရာယ်အခြေအနေအဖြစ် ကြေညာထားသည်။

ထိုသို့ ကြေညာခြင်းဖြင့် ပြည်နယ်နှင့် ဗဟိုအစိုးရတို့က မိုးသည်းထန်မှု ရင်ဆိုင်ရရာ မြို့များသို့ အကူအညီ အထောက်အပံ့များ ပေးနိုင်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly