နေရောင်ကနေ လျှပ်စစ်ထုတ်ယူနိုင်တဲ့ ဆိုလာပြားတွေအောက်မှာ အပင်ရှင်သန်နိုင်မလားဆိုတာကို Cranberry စိုက်ပျိုးသူ လယ်သမားတွေ သိရတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း ဒီအသီးရဲ့ ဈေးနှုန်းတွေ ကျဆင်းခဲ့တာကြောင့် လယ်သမားတွေအနေနဲ့ စားဝတ်နေရေး အလျင်မှီဖို့အတွက် တခြားနေရာတွေက ဝင်ငွေရလမ်းတွေ ရှာနေပါတယ်။ ဒီအကြောင်း Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။