လက်ဘနွန်တွင် အစိုးရသစ်ဖွဲ့လိုက်သော်လည်း ဆန္ဒပြမှုများ အတောမသတ်နိုင်

လက်ဘနွန်တွင် အစိုးရသစ်ဖွဲ့လိုက်သော်လည်း ဆန္ဒပြမှုများ အတောမသတ်နိုင်

ဇန်နဝါရီ ၂၂။          ။ လက်ဘနွန်နိုင်ငံတွင် ဝန်ကြီးချုပ်သစ် ဟတ်ဆန်ဒီအက်ဘ်က အစိုးရသစ်ကို ဖွဲ့စည်းပြီး နိုင်ငံအား ကယ်မနိုင်မည့် လုပ်ငန်းစဉ်များကို ချပြလာပြီးနောက်မျာ မြောက်ပိုင်း ထရီပိုလီမြို့တွင် ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်ပြန်သည်။

လက်ဘနွန်နိုင်ငံအနေဖြင့် ကြာရှည်မြဲသည့် ဆန္ဒပြလှုပ်ရှားမှုများနှင့် ထိုးကျနေသော စီးပွားရေးတို့ကို တစ်ချိန်တည်း ရင်ဆိုင်နေရခြင်းဖြစ်ကာ ယင်းစိန်ခေါ်မှုကြီးနှစ်ရပ်အား ကိုင်တွယ်ဖြေရှင်းရေး အသစ်ဖွဲ့စည်းလိုက်သော ကက်ဘိနက်အဖွဲ့က ပထမဆုံးစည်းဝေးခဲ့သည်ဟု ဝန်ကြီးချုပ် ဟတ်ဆန်ဒီအက်ဘ်က ပြောခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဆတ်ဟာရီရီ နေရာတွင် အစားထိုးတာဝန်ထမ်းဆောင်သည့် ဟတ်ဆန်ဒီအက်ဘ်ကမူ လမ်းပေါ်က တောင်းဆိုမှုများကို ဖြည့်ဆည်းနိုင်ရေး စိတ်ပိုင်းဖြတ်ထားကြောင်း ပြောသော်လည်း ဆန္ဒပြသူများက ယုံကြည်မှုမရှိဘဲ ညတွင်းချင်းပင် ဆန္ဒပြသကြရာ ရဲနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားပေါ်ပေါက်သည်။

အသက် ၆၁ နှစ်ရှိ ပညာတတ် ဟတ်ဆန်နဒီအက်ဘ်အနေဖြင့် ပထမဆုံးအတွေ့အကြုံမှာပင် ကြီးမားသည့် နိုင်ငံရေးအခင်းအကျင်းနှင့် ရင်ဆိုင်ရခြင်း ဖြစ်ပြီး ကိုယ်တိုင်ကလည်း ၎င်း ဆက်ခံရသည့် အခြေအနေသည် မျှော်လင့်ချက်မဲ့ အခြေအနေမျိုး ဖြစ်ကြောင်း ဝန်ခံသည်။

“ဒီကနေ့ ကျွန်တော်တို့ဟာ ဘဏ္ဍာရေး၊ စီးပွားရေးနဲ့ လူမှုရေး ခရီးဆုံးမှာ ရောက်နေတော့တာပဲ။”ဟု ဘိုင်ရွတ်တွင် အစိုးရသစ် ပထမဆုံးအစည်းအဝေးအပြီး တာဝန်ရှိသူတစ်ဦး၏ ဖတ်ကြားမှုတွင် ဟတ်ဆန်ဒီအက်ဘ်က ပြောဆိုထားသည်။

“ကျွန်တော်တို့ ကပ်ဘေးနဲ့ ရင်ဆိုင်နေရတာပါပဲ။”ဟု ဝန်ကြီးချုပ် ဟတ်ဆန်ဒီအက်ဘ်က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly