ဖြစ်နိုင်ဖွယ်ရာတိုက်ခိုက်မှုအတွက် တရုတ်ပြင်ဆင်နေဟု ထိုင်ဝမ်စစ်တပ်ပြောကြား

ဖြစ်နိုင်ဖွယ်ရာတိုက်ခိုက်မှုအတွက် တရုတ်ပြင်ဆင်နေဟု ထိုင်ဝမ်စစ်တပ်ပြောကြား

တိုင်ပေ၊ အောက်တိုဘာ ၂၇ ။            ။ တရုတ်သည် လက်နက်ကိုင်တပ်ဖွဲ့များကို တက်တက်ကြွကြွစုစည်းနေပြီး ၂၀၂၀ပြည့်နှစ်လောက်တွင် ထိုင်ဝမ်ကို ကျူးကျော်မှုပြုလုပ်ရန် လုံလောက်သည်အထိ အင်အားတောင့်တင်းနေမည်ဟု အောက်တိုဘာ ၂၇က ထိုင်ဝမ်စစ်ဘက်အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ပိုမိုနီးကပ်လာသည့် နိုင်ငံရေးဆက်ဆံမှုများရှိနေသည့်တိုင် တရုတ်သည် ပမာဏကြီးမားသည့် စစ်ရေးစုစည်းမှုများကို ဆက်လက်ပြုလုပ်နေပြီး ရေလက်ကြားဖြတ်ကျော်စစ်ရေးပဋိပက္ခဖြစ်နိုင်သည့် ခြိမ်းခြောက်မှုမှာ ဆက်လက်တည်ရှိနေသည်ဟု ထိုင်ဝမ်၏ ၂၀၁၅ အမျိုးသားကာကွယ်ရေးအစီရင်ခံစာက ဖော်ပြခဲ့သည်။

တရုတ်ပြည်မကြီး၏ နှစ်စဉ်စစ်ရေးအသုံးစရိတ်မှာ ပျမ်းမျှအားဖြင့် ဂဏန်းနှစ်လုံးနှုန်းဖြင့် မြင့်မားလျက်ရှိပြီး အမေရိကန်ပြီးလျင် ဒုတိယအများဆုံးဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။

တရုတ်သည် ၎င်း၏ ကျူးကျော်မှုများအတွက် ပြည်ပမှ တပ်ဖွဲ့များကို တားဆီးရန် ရေတပ်နှင့် လေတပ်ကို အင်အားတောင့်တင်းအောင် လုပ်ဆောင်လျက်ရှိသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏   နှစ်နှစ်တစ်ကြိမ်ထုတ် အစီရင်ခံစာက ဖော်ပြသည်။

"တကယ်လို့ သူက ထိုင်ဝမ်ကို တိုက်ခိုက်ရင် ဖြစ်လာမဲ့ ပြည်ပစွက်ဖက်မှုဟာ အကြီးမားဆုံးစိုးရိမ်စရာဖြစ်လိမ့်လို့ တရုတ်က ယုံကြည်နေတယ်"ဟု ထိုင်ဝမ်စစ်တပ်၏ အစီရင်ခံစာက ဆိုသည်။

တရုတ်နှင့် ထိုင်ဝမ်သည် ၁၉၄၉ခုနှစ်က ပြည်တွင်းစစ်အပြီးတွင် ကွာသွားခဲ့သည်။ တရုတ်နှင့် ဆက်ဆံရေးနွေးထွေးသော ကိုမင်တန်ပါတီမှ လက်ရှိသမ္မတ မာယင်ကျိုး ၂၀၀၈ခုနှစ်က အာဏာရလာပြီးနောက် ဆက်ဆံရေးကောင်းမွန်လာခဲ့သည်။

သို့သော်လည်း တရုတ်သည် ထိုင်ဝမ်းကို ၎င်း၏ သင်းကွဲနယ်တစ်ခုအဖြစ်သာရှုမြင်ထားပြီး အကယ်၍ ထိုင်ဝမ်က တရားဝင်လွတ်လပ်ရေးကြေညာပါက အင်အားသုံးမည်ဟု ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly