၀ယ်ယူသူများ၏အိမ်သို့ ကုန်ပစ္စည်းများပေးပို့ရန် ဒရုန်းများအသုံးပြုရေး ဝေါလ်မတ်စဉ်းစားနေ

၀ယ်ယူသူများ၏အိမ်သို့ ကုန်ပစ္စည်းများပေးပို့ရန် ဒရုန်းများအသုံးပြုရေး ဝေါလ်မတ်စဉ်းစားနေ

ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၂၇ ။            ။ အမေဇုန်နှင့် အခြားလက်လီရောင်းချသည့် ကုမ္ပဏီကြီးများကို ဦးဆောင်ပြီးနောက် ဝေါလ်မတ်သည် အမေရိကန်ဝယ်ယူသူများထံသို့ ကုန်ပစ္စည်းများကို ဒရုန်းများအသုံးပြုပေးပို့ရေးအတွက် တက်ကြွစွာ စဉ်းစားလျက်ရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အောက်တိုဘာ ၂၆ တွင်ပြောကြားခဲ့သည်။

ဝေလ်မတ်သည် နည်းပညာကို အမိုးအကာအတွင်း စမ်းသပ်နေသည်မှာ လအတန်ကြာရှိနေပြီဖြစ်ပြီး အောက်တိုဘာ ၂၆ရက်နေ့ကမူ ပြင်ပတွင် စမ်းသပ်ခွင့်ပေးရန် အမေရိကန်လေကြောင်း အာဏာပိုင်တို့ထံ ဝေါလ်မတ်က ခွင့်ပြုချက်တောင်းခံခဲ့သည်။

ကုန်ပစ္စည်းများ ပေးပို့မှုအပြင် ဝေါလ်မတ်သည် ၎င်း၏ ကုန်လှောင်ရုံများ သို့မဟုတ် ၎င်း၏ မဆောက်အအုံများကို အပေါ်မှ စောင့်ကြည့်ရန် သို့မဟုတ် ဆိုင်မှ ဝယ်ယူသူ၏ ကားများထံသို့ ပစ္စည်းများပို့ရန်လည်း ဒရုန်းများကို အသုံးပြုလိုနေသည်။

"ဒါကတော့ ကျွန်တော်တို့ရဲ့ဆိုင်တွေမှာ စွမ်းဆောင်ရည်ရှိဖို့ ဆက်လက်ဆောင်ရွက်နေတဲ့ အပိုင်းဖြစ်ပြီး ဝယ်ယူသူတွေကို ပိုပြီးကောင်းကောင်းနဲ့ ပိုပြီးမြန်မြန် ဝန်ဆောင်မှုပေးနိုင်ဖို့ပါ"ဟု   ပြောခွင့်ရသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

"အမေရိကန်ပြည်သူ ၇၀ရာခိုင်နှုန်းရဲ့ ငါးမိုင်အတွင်းမှာ ဝေါလ်မတ်ဆိုင်တစ်ခုရှိပါတယ်။ ဒါဟာ ဒရုန်းနည်းပညာနဲ့ ဝယ်ယူသူတွေကို ဝန်ဆောင်မှုပေးဖို့ စိတ်ဝင်စားဖွယ်ကောင်းတဲ့   ဖြစ်နိုင်ချေရှိနေပါတယ်"ဟု ၎င်းကပြောသည်။

မတ်လက အွန်လိုင်းလက်လီဆိုင်ကြီး အမေဇုန်ကို ၎င်း၏ ဒရုန်းအစီအစဉ်အတွက် စမ်းသပ်မှုများပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုလေကြောင်းအုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုခဲ့သည်။ ယင်းကုမ္ပဏီက အထုတ်ငယ်များကို မိနစ် ၃၀ ထက်မကြာဘဲ ပေးပို့နိုင်မည့် စနစ်တစ်ခုကို အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly