ကမ္ဘာ့အရပ်အပုဆုံး ပုဂ္ဂိုလ် အသက် ၂၇ နှစ်၌ နီပေါဆေးရုံပေါ်မှာ ကွယ်လွန်
**********************
ဂင်းနစ်ကမ္ဘာစံချိန်မှတ်တမ်း၌ ကမ္ဘာ့အရပ်အပုဆုံးအမျိုးသားအဖြစ် ဖော်ပြခံရသည့် ခါဂျန်ဒရာသာပါမာဂါသည် နီပေါရှိ ဆေးရုံတစ်ရုံ၌ ဇန်နဝါရီ ၁၇ ရက်က ကွယ်လွန်ကြောင်း ၎င်း၏ မိသားစုများက ပြောသည်။
အရပ် ၆၇ ဒသမ ၀၈ စင်တီမီတာ (၂ ပေနှင့် ၂ ဒသမ ၄၁ လက်မ) သာ ရှိသော ခါဂျန်ဒရာသည် မိဘများနှင့် အတူနေထိုင်ရာ ခတ္တမန္ဒူမြို့တော်မှ ကီလိုမီတာ ၂၀၀ ကျော် ကွာဝေးသည့် ပိုခါရာမြို့ဆေးရုံတွင် နမိုးနီးယားရောဂါဖြင့် ကွယ်လွန်ခြင်း ဖြစ်သည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/65755
တင်ဆက် - ဆက်ဝေယံနိုင်