ပြုပြင်ထားသော အသားများက ကင်ဆာဖြစ်စေနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ်ပြန်

ပြုပြင်ထားသော အသားများက ကင်ဆာဖြစ်စေနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ်ပြန်

ဂျီနီဗာ၊ အောက်တိုဘာ ၂၇ ။           ။ ဝက်ဆားနယ်ခြောက်၊ ကြက်အူချောင်း ၊ဝက်အူချောင်းများနှင့် ဝက်ပေါင်ခြောက်ကဲ့သို့ ပြုပြင်ထားသော အသားများသည် ကင်ဆာဖြစ်စေနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အစီရင်ခံစာအရ ပြုပြင်ထားသောအသား ၅၀ဂရမ်ကို နေ့စဉ်စားသုံးပါက အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေ ၁၈ ရာခိုင်နှုန်းမြင့်မားသည်ဟု ဆိုသည်။ ထို့အပြင် နီမြန်းသောအသား(ချက်ပြုတ်လျင်နီသွားသောအသား) ကင်ဆာဖြစ်စေနိုင်သည်ဟု ဆိုသည်။

သို့သော်လည်း ၎င်းနှင့် ပတ်သက်သည့် အထောက်အထားမှာ အကန့်အသတ်ရှိသည်ဟုလည်း သိရသည်။ သို့သော်လည်း အသားမှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများလည်း ရှိနေသည်ဟု WHOက အလေးအနက်ပြောသည်။

WHO ၏ အစီရင်ခံချက်မှာ နီမြန်းသောအသားနှင့် ပြုပြင်ထားသောအသားများ လုံးဝမစားရန်ထက် လျှော့စားရန် အကြောင်းပြချက်တစ်ခုဖြစ်သည်ဟု Cancer Research UK ကပြောသည်။ တစ်ခါတစ်ရံ ဝက်သားဆားနယ်ဆင်းဒဝစ်ချ်တစ်ခုစားခြင်းက အန္တရာယ်မရှိဟုလည်း ဆိုသည်။

ပြုပြင်ထားသော အသားများမှာ ကြာကြာအထားခံရန် သို့မဟုတ် အရသာပြောင်းလဲရန်ဖြစ်ပြီး အဓိကပြုလုပ်သည့် နည်းလမ်းများမှာ ကျပ်တင်ခြင်း၊ ဆားနယ်ခြင်း သို့မဟုတ် ကြာရှည်ခံဓါတ်တုပစ္စည်းများသုံးခြင်းတို့ဖြစ်သည်။

သို့သော် အမဲသားကို ကြိတ်စက်ဖြင့်ကြိတ်ခြင်း၊ စင်းကောပြုလုပ်ခြင်းက ပြုပြင်ခြင်းဟု မဆိုလိုပေ။ ပြုပြင်ထားသော အသားပါသည့် အစားအစာများတွင် ဝက်ဆားနယ်ခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်အူချောင်းညှှပ်ပေါင်မုန့်၊ ဆာလာမီ၊ အမဲသားဆားနယ်၊ ဝက်ပေါင်ခြောက်အပြင် စည်သွပ်ဘူးသွပ်အသားများနှင့် အသားပါသော ဆော့စ်တို့ပါဝင်သည်။

အသားများအားပြုပြင်ရာတွင် ပါဝင်သော ဓါတုဗေဒပစ္စည်းများက ကင်ဆာဖြစ်စေနိုင်သည့် အန္တရာယ်ကို မြင့်မားစေနိုင်သည်။ ထို့အပြင် ဘာဘီကျူးကဲ့သို့ အပူချိန်မြင့်မားစွာအသုံးပြုရခြင်းကလည်း ကင်ဆာဖြစ်စေသည့် ဓါတုပစ္စည်းများကို ဖြစ်ပေါ်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly