အီရတ်ရှိ အမေရိကန်လေတပ်စခန်းတိုက်ခိုက်ခံရမှု ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ

အီရတ်ရှိ အမေရိကန်လေတပ်စခန်းတိုက်ခိုက်ခံရမှု ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၇ ။                                 ။ ပြီးခဲ့သည့် ရက်သတ္တပတ်က အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းများကို အီရန်တို့က ဒုံးလက်နက်များဖြင့်တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်သား အနည်းဆုံး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ကွပ်ကဲရေး အမေရိကန်စစ်ဌာနချုပ်က ဇန်နဝါရီ ၁၆ ရက်၌ ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် အသေအပျောက်မရှိကြောင်း၊ စစ်လက်နက်ပစ္စည်း ကြီးကြီးမားမား ပျက်စီးထိခိုက်မှုမရှိိကြောင်း အမေရိကန်တို့ဘက်က အစောပိုင်းတွင် ထုတ်ပြန်ထားခဲ့သည်။

ဇန်နဝါရီ ၈ ရက်က အယ်လ်အာဆတ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုတွင် အမေရိကန်တို့ဘက်က သေဆုံးသူမရှိကြောင်းနှင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူများမှာ ဆေးကုသမှုခံယူနေကြောင်း အမေရိကန်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဘီလ်အာဘန်က ပြောသည်။

အခြေစိုက်စခန်းရှိ အမေရိကန်တပ်သား ၁၅၀၀ ခန့်တို့သည် တပ်လှန့်သတိပေးချက်အရ တိုက်ခိုက်မှုခံရချိန်တွင်  အခိုင်အမာတည်ဆောက်ထားသည့် ကတုတ်ကျင်းများ၌ ပုန်းအောင်းနေနိုင်ခဲ့သည်။

အီရန်တို့သည် အီရတ်အနောက်ပိုင်းရှိ အယ်အာဆတ် လေတပ်စခန်းအပြင် အမေရိကန်နှင့်မဟာမိတ်များ တပ်စွဲထားသည့် အာဘယ်လ်အခြေစိုက်စခန်းကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly