အိန္ဒိယတွင် ဂင်းနစ်မှတ်တမ်းဝင်နိုင်ရေး ကမ္ဘာ့အရှည်ဆုံးကိတ်မုန့် ပြုလုပ်

အိန္ဒိယတွင် ဂင်းနစ်မှတ်တမ်းဝင်နိုင်ရေး ကမ္ဘာ့အရှည်ဆုံးကိတ်မုန့် ပြုလုပ်

ဇန်နဝါရီ ၁၆ ။            ။ အိန္ဒိယနိုင်ငံ ခယ်ရယ်လာပြည်နယ် သရစ်ရှူးမြို့တွင် မုန့်ဖုတ်သူနှင့်စားဖိုမှူးများက  ဂင်းနစ်မှတ်တမ်းဝင်နိုင်ရေးအတွက် ၆ ဒဿမ ၅ ကီလိုမီတာ (၄ မိုင်) အရှည်ရှိ   ကမ္ဘာ့ အရှည်ဆုံးကိတ်မုန့်ကြီးကို ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်ခဲ့သည်။

အထူနှင့်အနံ ၄ လက်မ၊ အလေးချိန် ၂၇ ၀၀၀ ကီလိုဂရမ်ရှိ သစ်ခွအနံ့အရသာ ကိတ်မုန့်ကြီးကို မုန့်ဖုတ်သူနှင့် စားဖိုမှူး ၁၅၀၀ ခန့်က ဂျုံနှင့်သကြား ၁၂ ၀၀၀ ကီလိုဂရမ်သုံးကာ ပြုလုပ်ခဲ့ကြသည်။

လမ်းမကြီးတစ်လျှောက် စားပွဲခုံ ထောင်ပေါင်းများစွာဆက်ပြီး ချောကလက်ခရင်မ်များလည်း အသုံးပြုကာ ကမ္ဘာ့အရှည်ဆုံး ကိတ်မုန့်တန်းကြီးကို ၄ နာရီအချိန်ယူ၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါကိတ်မုန့်ပွဲတော်ကြီးကို ခယ်ရယ်လာမုန့်ဖုတ်သူများအသင်းက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူပေါင်းများစွာလာရောက်ကြည့်ရှုခဲ့ကြသည်။

အသင်းအတွင်းရေးမှူးချုပ်ဖြစ်သူ နော့ရှတ်က “ ကိတ်မုန့်အရှည် ၆ ဒဿမ ၅ ကီလိုမီတာဆိုရင် ဂင်းနစ်စံချိန်မီပါတယ်၊ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုကို ကမ္ဘာသိအောင်ပြဖို့ ကြိုးပမ်းအားထုတ်မှုတစ်ခုပါ၊ သန့်ရှင်းမှုနဲ့ အရသာကလည်း စံချိန်မီပါတယ်” ဟု နော့ရှတ်က ပြောသည်။

ယခုကိတ်မုန့်သည် ၂၀၁၈ ခုနှစ်က တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သော ဂင်းနစ်မှတ်တမ်းဝင် ၃ ဒသမ ၂ ကီလိုမီတာအရှည်ရှိ သစ်သီးကိတ်ထက်ပင် ပို၍ရှည်လျားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly