အမေရိကန်နှင့် တရုတ် အရေးပါသည့် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုး

အမေရိကန်နှင့် တရုတ် အရေးပါသည့် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုး

ဇန်နဝါရီ ၁၆ ။          ။ ကမ္ဘာ့စီးပွားရေးအကြီးဆုံးနှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား နှစ်နှစ်ကြာမျှ ကုန်သွယ်ရေးစစ်ခင်းခဲ့မှ ဇန်နဝါရီ ၁၅ ရက်နေ့တွင်မူ ကုန်သွယ်ရေးစစ် ပြေငြိမ်းရေးတစ်ရပ်အား လက်မှတ်ရေးထိုးလိုက်နိုင်ပြီဖြစ်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေးအတွက် အလားအလာကောင်းတစ်ရပ်ပဲ ဖြစ်တော့သည်။

ယခု လက်မှတ်ရေးထိုးနိုင်သော ကုန်သွယ်ရေးသဘောတူညီချက်သည် အလွန်အရေးပါကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ ထရမ့်အနေဖြင့် လက်ရှိတွင် ရာထူးအာဏာ အလွဲသုံးစားမှုဖြင့် အပြစ်ရှိကြောင်း လွှတ်တော်တွင် စစ်ဆေးကြားနာမှုနှင့် ရင်ဆိုင်နေရသကဲ့သို့ ယခုနှစ် နှောင်းပိုင်း ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရနိုင်ရေး ခက်ခဲစွာ ရုန်းကန်နေရချိန်ဖြစ်သည်။

ရရှိသော ကုန်သွယ်ရေးသဘောတူညီချက်သည် ပထမပိုင်းသာ ဖြစ်ပြီး သွင်းကုန်စည်းကြပ်ခွန် အမေရိကန်ဒေါ်လာ ဘီလီယံရာပေါင်းများစွာကို ဆက်လက်ထားရှိထားဦးမည်ဖြစ်ခြင်းကြောင်း အမေရိကန် ကာစတန်မာနှင့် စီးပွားရေးလုပ်ငန်းများအတွက် ပိုများသည့် အခွန်ကို ဆက်လက်ထမ်းဆောင်နေရဦးမည်သာ ဖြစ်သည်။

ယခု ကုန်သွယ်ရေးသဘောတူညီချက် ပထမပိုင်းတွင် အမေရိကန်၏ စိုက်ပျိုးထွက်ကုန်နှင့် အခြားထွက်ကုန်များအား တရုတ်က ပိုမိုဝယ်ယူရန်၊ အမေရိကန်နည်းပညာများကို အကာအကွယ်ပေးရန်နှင့် လုပ်ထုံးလုပ်နည်းသစ်များကို လိုက်နာရန် စသည့်အချက်များ ပါဝင်သည်။

“ဒီကနေ့မှာ ကျွန်တော်တို့ တရုတ်နဲ့ အရင်က တစ်ခါမှ မရှိခဲ့ဘူးတဲ့ အရေးပါတဲ့ ခြေတစ်လှမ်းကို လှမ်းလိုက်ပြီ။ ဒါကတော့ မျှတပြီး အပြန်အလှန် အကျိုးရှိတဲ့ ကုန်သွယ်မှု ဖြစ်လာတော့မယ်။”ဟု အိမ်ဖြူတော် လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ ထရမ့်က ပြောသည်။

“အတိတ်က အမှားတွေကို ကျွန်တော်တို့ အတူတကွ လမ်းမှန်လျှောက်ကြတော့မယ်။”ဟုလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly