မြစ်ဆုံစီမံကိန်းနှင့် စစ်ပွဲကြောင့် နေရပ်မပြန်နိုင်သေးသော ကလေးငယ်များ၏ လက်ရာပန်းချီကားများပြသ

13 January 2020
မြစ်ဆုံစီမံကိန်းနှင့် စစ်ပွဲကြောင့် နေရပ်မပြန်နိုင်သေးသော ကလေးငယ်များ၏ လက်ရာပန်းချီကားများပြသ

စစ်ဘေးရှောင်စခန်းများမှ နေရပ်မပြန်နိုင်သေးသော ကလေးငယ်များနှင့် မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းနေထိုင်ကြရသောရွာများမှ ကလေးငယ်များရေးဆွဲထားသည့် ပန်းချီကားများကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ်ပြခန်းတွင် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၅ရက်နေ့အထိ ငါးရက်ကြာ ပြပွဲပြုလုပ်ကာ ပြသလျှက်ရှိသည်။

အဆိုပါပြပွဲကို ကချင်ပြည်နယ်တွင် နေရပ်မပြန်နိုင်သေးသော ကလေးငယ်များ၏ စိတ်ဒဏ်ရာ ကုစားနိုင်ရေးအတွက် ပန်းချီသင်ကြားမှု ပြုလုပ်ပေးလျှက်ရှိသော မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ဧရာဝတီလူမှုရေးအသင်းတို့ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်သည်။

“မြောက်ဖျားဒေသ အလင်းတန်းများ”ဟု အမည်ပေးထားသော အဆိုပါပြပွဲတွင်နေရပ်မပြန်နိုင်သေးသော ကလေးငယ် ငါးထောင်ကျော်က ရေးဆွဲထားသည့် ပန်းချီကားချပ်ပေါင်း တစ်သောင်းကျော်ထဲမှ အခရိုက်လစ်ဆေးပန်းချီကား ၅ဝ ကျော်ကို ရွေးချယ်ပြသထားသည်။ 

ငှက်ပျောစိုက်ပျိုးမှုပြဿနာ၊ ဖားကန့် ကျောက်တူးဖော်မှုနှင့် မျှော်လင့်ချက်၊ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီးရေးဆွဲချက်များ၊ နေရပ်ပြန်နိုင်ရေးမျှော်လင့်ချက်စသော အကြောင်းအရာများကို နေရပ်မပြန်ကလေးငယ်များက ရေးဆွဲထားခြင်း ဖြစ်သည်။

ရိုက်ကူး / တည်းဖြတ် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required