ခရီးသည်တင်လေယာဉ်အား ပစ်ချသည့်အတွက် အပြစ်ပေးရန်နှင့် လျော်ကြေးပေးရန် အီရန်ဆီ ယူကရိန်း တောင်းဆို

ခရီးသည်တင်လေယာဉ်အား ပစ်ချသည့်အတွက် အပြစ်ပေးရန်နှင့် လျော်ကြေးပေးရန် အီရန်ဆီ ယူကရိန်း တောင်းဆို
Photo: AFP

ယူကရိန်းလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်အား ဒုံးကျည်ဖြင့် ပစ်ချခဲ့မှု၌ တာဝန်ရှိသူများကို အပြစ်ပေးရန်နှင့် လျော်ကြေးပေးရန် အီရန်နိုင်ငံအား ယူကရိန်းနိုင်ငံက ဇန်နဝါရီ ၁၁ ရက်တွင် တောင်းဆိုလိုက်သည်။

သမ္မတ ဗိုလိုဒိုင်မိုင်ယားဇီလန်စကီက “ကျွန်တော်တို့ မျှော်လင့်တယ်၊ အီရန်အနေနဲ့ အပြစ်ရှိသူတွေကို တရားရုံးတင်လာမှာပဲ။”ဟု ဖေ့ဘုတ်တွင် ရေးသားပြီး နစ်နာကြေး လျော်ကြေးပေးရန်လည်း တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က အီရန်နိုင်ငံ တီဟီရန်လေဆိပ်မှ ယူကရိန်း၊ ကိဗ်သို့ ဦးတည်သည့် ယူကရိန်း ခရီးသည်တင်လေယာဉ်သည် ပျံတက်ပြီး မိနစ်ပိုင်းအတွင်း ပျက်ကျခဲ့ခြင်းဖြစ်ကာ လိုက်ပါသူ ၁၇၆ ဦးစလုံး သေဆုံးရသည်။

ထို လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများက အီရန်ဒုံးကျည်ထိမှန်၍ ပျက်ကျခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုနေခဲ့သော်လည်း အီရန်နိုင်ငံက အစောပိုင်း ငြင်းဆန်ခဲ့သည်။

သို့သော ယနေ့ အစောပိုင်းတွင် နိုင်ငံပိုင် ရုပ်သံမှတစ်ဆင့် လေယာဉ်အား လူ့အမှားကြောင့် မှားယွင်း ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ပြီး သမ္မတဖြစ်သူ ရိုဟာနီကိုယ်တိုင်က ဝမ်းနည်းကြောင်း ပြောဆိုကာ အပြစ်ရှိသူများကို တရားစွဲဆိုမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly