အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်သည့် ထရမ့်၏ အခွင့်အာဏာအား ကန့်သတ်ချက် အောက်လွှတ်တော် မဲပေး

အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်သည့် ထရမ့်၏ အခွင့်အာဏာအား ကန့်သတ်ချက် အောက်လွှတ်တော် မဲပေး

ဇန်နဝါရီလ ၁၀ ရက်  ။                  ။သမ္မတထရမ့်အား ပြစ်တင်မှုတစ်ရပ်အဖြစ် အီရန်အပေါ် ၎င်း၏ အနာဂတ်၌ စစ်ရေးအရ အရေးယူနိုင်မှုကို ကန့်သတ်ရန် အမေရိကန် အောက်လွှတ်တော်တွင် ဇန်နဝါရီ ၉ ရက်က မဲပေးကြသည်။

အီရန်အပေါ် စစ်ရေးအရ အရေးယူမှုတွင် အိမ်ဖြူတော်၏ စစ်ရေးအာဏာကို လွှတ်တော်၏ အတည်ပြုချက် ပါဝင်နိုင်ရေးအတွက် အောက်လွှတ်တော်အမတ်များက ကြိုးပမ်းခြင်းပဲ ဖြစ်သည်။

အဆိုပါ အီရန်အား စစ်ရေးအရအရေးယူသည့် သမ္မတ ထရမ့်၏ အခွင့်အာဏာကို ထိန်းချုပ်သည့် ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၂၂၄ မဲ၊ ကန့်ကွက်မဲ ၁၉၄ မဲဖြင့် အတည်ပြုနိုင်သော်လည်း ဆီးနိတ်လွှတ်တော်တွင် အတည်ပြုချက် ရရေးက မလွယ်ကူ ခက်ခဲမည်ဖြစ်သည်။

ထရမ့်၏ အမိန့်ဖြင့် ဒရုန်းစစ်ဆင်မှုအတွင်း အီရန်ဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးပြီးနောက် အီရန်က လက်တုံ့ပြန်သည့်အနေဖြင့် အီရတ်ရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ တင်းမာမှု အရှိန်မြင့်တက်လာပြီးနောက် အောက်လွှတ်တော်က ယခု ဆုံးဖြတ်ချက်အား မဲခွဲအတည်ပြုလာခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly