နမိုးနီးယားရောဂါ ဖြစ်ပွားမှု ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုးကြောင့် တရုတ် ယုံကြည်နေ

နမိုးနီးယားရောဂါ ဖြစ်ပွားမှု ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုးကြောင့် တရုတ် ယုံကြည်နေ

ဇန်နဝါရီ ၉ ။                              ။ နိုင်ငံအလယ်ပိုင်းတွင် နမိုးနီးယား ရောဂါဆန်း ကူးစက်မှုဖြစ်စဉ်ပေါင်း ၅၉ ခုအထိ ကြုံတွေ့ခဲ့ပြီးနောက် ယခုအခါ ယင်းရောဂါ ဖြစ်ပွားမှုများ၏ နောက်ကွယ်တွင် ဗိုင်းရပ်စ်ပိုး အမျိုးအစားသစ်တစ်ခု ရှိနေသည်ဟု တရုတ်တို့ ယုံကြည်လျက် ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်စုကျော်က လူရာပေါင်းများစွာ သေဆုံးစေခဲ့သည့် SARS ရောဂါ ဖြစ်စေခဲ့သော ဗိုင်းရပ်စ်ပိုး မျိုးစိတ်ဝင် ပိုးသစ်တစ်မျိုးကြောင့် ယခု နမိုးနီးယား ရောဂါဖြစ်စဉ်များ ဖြစ်ပွားနေခြင်းဖြစ်ဟု တရုတ်တို့က ထုတ်ဖော်သွားသည်။

ကိုရိုနာ ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုးကြောင့် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ပြင်းထန်အဆုတ်ရောင် ရောဂါကူးစက်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပညာရှင်များက ကနဦး သုံးသပ်ထားသည်ဟု တရုတ် သိပ္ပံပညာရှင် ရွှီကျန်ကော်က ဆင်ဟွာသတင်းဌာနသို့ ပြောသည်။

လူဦးရေ ၁၁ သန်းခန့်ရှိ ဝူဟန်မြို့တွင် အဆိုပါ ရောဂါဖြစ်ပွားမှုကို ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်က ပထမဆုံး အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တရုတ်ရှိ နမိုးနီးယား ရောဂါဖြစ်ပွားမှု၏ နောက်ကွယ်တွင် ဗိုင်းရပ်စ်ပိုး အမျိုးအစားသစ်တစ်ခု ရှိနေနိုင်ကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags