ဆိုမာလီယာပါလီမန်အဆောက်အအုံအနီး ကားဗုံးပေါက်ကွဲ  ၄ ဦးသေ ၁၀ ဦး ဒဏ်ရာရ

ဆိုမာလီယာပါလီမန်အဆောက်အအုံအနီး ကားဗုံးပေါက်ကွဲ  ၄ ဦးသေ ၁၀ ဦး ဒဏ်ရာရ

မိုဂါဒစ်ရှူး၊ ဇန်နဝါရီ ၈ ။            ။ ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့ ပါလီမန်အဆောက်အအုံနှင့် မလှမ်းမကမ်းရှိ စစ်ဆေးရေးဂိတ်အနီးတွင် ဒီကနေ့ (ဇန်နဝါရီ ၈) တွင် ကားဗုံးဟု ယူဆရသည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ထိုပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်အများအပြား မီးလောင်ကျွမ်းခဲ့ပြီး ကောင်းကင်ထက်တွင် မီးခိုးလုံးများတက်နေခဲ့သည်။

ကားဗုံးပေါက်ကွဲမှုဖြစ်နိုင်ကြောင်း၊ အသေးစိတ်ကိုမူ မသိရသေးကြောင်း လုံခြုံရေးအရာရှိတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ကလည်း မိုဂါဒစ်ရှူး၌ အယ်လ်ရှာဘတ်စစ်သွေးကြွများ၏ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် တက္ကသိုလ်ကျောင်းသားများအပါအဝင် အနည်းဆုံးလူ ၈၁ ဦးသေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly