အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီ၏ စျာပနပွဲအခမ်းအနားတွင် လူအုပ်ပိမှုဖြစ်၍ လူ ၃၀ ကျော် သေဆုံး

အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီ၏ စျာပနပွဲအခမ်းအနားတွင် လူအုပ်ပိမှုဖြစ်၍ လူ ၃၀ ကျော် သေဆုံး

ဇန်နဝါရီ ၇။             ။ အမေရိကန်၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့သည့် အီရန် ထိပ်တန်းတပ်မှူး ဗိုလ်ချုပ်ကြီး ဆိုလေမာနီ၏ စျာပနပွဲ စီတန်းလှည့်လည်ခြင်း အခမ်းအနားတစ်ရပ်ကို ဇန်နဝါရီ ၇ ရက်က ၎င်း၏ ဇာတိမြို့ ကာမန်းတွင် ကျင်းပခဲ့ရာ လူအုပ်ပိမှုတစ်ခု ဖြစ်၍ အနည်းဆုံး လူ ၃၅ ဦး သေဆုံးသွားသည်ဟု သိရသည်။

အဆိုပါ လူအုပ်ပိမှုကြောင့် လူသေဆုံးမှု သတင်းကို အီရန် နိုင်ငံပိုင်တီဗီက ဖော်ပြခဲ့ခြင်း ဖြစ်သည်။  

အဆိုပါ လူအုပ်ပိမှုကြောင့် အခြား လူ ၄၈ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်း မီဒီယာများတွင် ဖော်ပြသည်။

အီရန် ဗိုလ်ချုပ်ကြီး၏ ရုပ်အလောင်းကို ၎င်း၏ ဇာတိမြို့ ကာမန်းတွင် မြှုပ်နှံသင်္ဂြိုဟ်ခြင်းအခမ်းအနားသို့ ပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။

အီရန် စစ်တပ်၏ အထူးတပ်ဖွဲ့တစ်ခုဖြစ်သော Quds Force ၏ ခေါင်းဆောင် ဆိုလေမာနီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒက် နိုင်ငံတကာလေဆိပ်အနီး အမေရိကန်၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly