ရေဘေးသင့်များ ပြန်လည် ထူထောင်ရေး စတာလင်ပေါင် ငါးသောင်းကျော် Prudence Foundation လှူဒါန်း

ရေဘေးသင့်များ ပြန်လည် ထူထောင်ရေး စတာလင်ပေါင် ငါးသောင်းကျော် Prudence Foundation လှူဒါန်း

ပြီးခဲ့သည့် သြဂုတ်လအတွင်း ရေကြီးမှုများကြောင့် ပျက်စီးခဲ့ရသည့် ပခုက္ကူမြို့နယ်၊ ဖလမ်းမြို့နယ်များရှိ ရေဘေးသင့် ၃၄ ရွာနှင့် ပြည်သူ ၁၃,၀၀၀ ကျော်တို့အတွက် ရေဘေးအလွန် အထောက်အပံ့အဖြစ် စတာလင်ပေါင် ငါးသောင်းကျော်ကို Prudence Foundation လှူဒါန်းခဲ့ရာ ActionAid Myanmar က ပူးပေါင်းကူညီသွားမည်ဟု အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါငွေကို “ဒေသခံများ၏အသက်မွေးဝမ်းကြောင်းပြန်လည်ထူထောင်ရေးတွင်အသုံးပြုမည် ဖြစ်ပြီး အမိုးအကာများ ပိုမိုကောင်းမွန်စေရေး၊ မျိုးစေ့နှင့် အခြားသော စိုက်ပျိုးရေး လိုအပ်ချက်များဝေမျှခြင်း နှင့်ရေလွှမ်းမိုးမှု ခံခဲ့ရသည့် လယ်၊ ယာမြေများအား ပြုပြင်ခြင်း၊ ရေဘေးသင့်ပြည်သူတို့ အသက်မွေးဝမ်းကြောင်း ပြန်လည်ထူထောင်ရေးအတွက် ရင်းနှီးရန် ချေးငွေပေးအပ်ခြင်း” တို့ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ActionAid  Myanmar ၏ Country Director ဖြစ်သူ Mr. Shihab Uddin Ahmad က “ဒီနှစ်အတွင်းမှာ မြန်မာနိုင်ငံ အနေနဲ့မကြုံစဖူး ဆိုးဆိုးရွားရွား ရေကြီးမှုတွေ ခံစားခဲ့ရပြီး လူပေါင်း ၁သန်းကျော် ရေဘေးဒဏ် ခံခဲ့ရပါတယ်။ အခုလိုအနေထားမျိုးမှာ အရေးပေါ်အကူအညီအပြင် အိမ်ယာ ပြန်လည်ထူထောင်ရေးလို၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်း ဆိုင်ရာပိုင်းတွေလို ရေဘေးလွန် ပြန်လည်ထူထောင်ရေးတွေမှာပါ အကူအညီပေးဖို့ အရေးကြီးပါတယ်” ဟု ပြောဆိုခဲ့သည်။

“Prudence Foundation  အနေနဲ့ ရေဘေးသင့် ဒေသတွေက ပြည်သူများရဲ့ ရေရှည်ပြန်လည် ထူထောင်ရေး အတွက် အကူညီပေးသွားမှာပါ။ Prudential  ဟာ  အသက်အာမခံကုမ္ပဏီ တစ်ခုအနေနဲ့ မိသားစုတွေရဲ့ အနာဂတ် လုံခြုံရေး ကိုကာကွယ်ဖို့ ရည်ရွယ်ချက်ရှိပြီးသားပါ။ ထိုနည်းတူ Prudence Foundation    ဟာလဲ အခုလို သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ မိသားစုတွေအတွက် ကာကွယ်ပေးဖို့ ကြိုးစားလျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ActionAid နဲ့ ပူးပေါင်းလုပ်ဆောင်မှုဟာ မြန်မာပြည်သူတွေ ဘဝပြန်လည် ထူထောင်ရေးနဲ့ သူတို့ရဲ့ အနာဂတ် အသက်မွေးဝမ်းကျောင်း အတွက် အခြေခံအုတ်မြစ် ကောင်းတွေ ချနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟူ၍ Prudence Foundation ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဖြစ်သူ Mr. Marc Fancy ကလည်း  ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags