၂၀၁၆ ဆူဇူကီးပြိုင်ပွဲကြောင့် MNL ပွဲစဉ်များကို ၂၀၁၆ ဇန်နဝါရီလအတွင်း စတင်ကျင်းပရန်စီစဉ်ထား

၂၀၁၆ ဆူဇူကီးပြိုင်ပွဲကြောင့် MNL ပွဲစဉ်များကို ၂၀၁၆ ဇန်နဝါရီလအတွင်း စတင်ကျင်းပရန်စီစဉ်ထား
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ပွဲတွင် ရန်ကုန်နှင့် ဇေယျာရွှေမြေတို့ အကြိတ်အနယ် ယှဉ်ပြိုင်နေစဉ်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၆ ဆူဇူကီးပြိုင်ပွဲကြောင့် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီကို ရှေ့တိုးကျင်းပမည်ဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီလအတွင်း စတင်ကျင်းပရန် ပြိုင်ပွဲကျင်းပရေးကော်မတီက စီစဉ်ထားသည်။

“လက်ရွေးစင်အသင်းပြင်ဆင်ချိန်ရဖို့အတွက် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေကို ဇန်နဝါရီကတည်းကစဖို့စီစဉ်ထားပါတယ်။ သြဂုတ် ဒါမှမဟုတ် စက်တင်ဘာလလောက်မှာ အဆုံးသတ်ဖို့စီစဉ်ထားပါတယ်။ ဒီနှစ်ပွဲစဉ်တွေအားလုံးပြီးတာနဲ့ လာမယ့်နှစ်အတွက် ပွဲစဉ်ဇယားကို အသင်းတွေနဲ့တိုင်ပင်ပြီးပြင်ဆင်ဆောင်ရွက်မှာပါ။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညွှန်ကြားရေးမှူး(စီမံ) ဦးစိုးမိုးကျော်ကပြောသည်။

၂၀၁၆ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနှင့် ဖိလစ်ပိုင်တို့က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး အသင်း၈သင်းကို အုပ်စုနှစ်စုခွဲကာ ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly