ကင်ညာရှိ အမေရိကန်စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရဟု အမေရိကန်စစ်တပ် အတည်ပြု

By ABC News
05 January 2020
ကင်ညာရှိ အမေရိကန်စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရဟု အမေရိကန်စစ်တပ် အတည်ပြု

ဇန်နဝါရီ ၅  ။           ။ ကင်ညာနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခု ဇန်နဝါရီ ၅ ရက်တွင် အကြမ်းဖက်တိုက်ခိုက်ခံရကြောင်း အမေရိကန်စစ်တပ်က အတည်ပြုခဲ့သည်။

အဆိုပါ ကင်ညာရှိ စစ်စခန်းသည်  အမေရိကန်စစ်တပ်၏ တပ်ဖွဲ့ဝင်တချို့ ရှိနေသည့် စခန်းလည်းဖြစ်သည်။

ဆိုမာလီ အကြမ်းဖက်အဖွဲ့ အယ်လ်ရှာဘတ်အဖွဲ့က ယင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ကြောင်း ထုတ်ဖော်ထားခဲ့သည်။

အဆိုပါ အယ်လ်ရှာဘတ်အကြမ်းဖက်အဖွဲ့ကို ပြန်လည် တိုက်ထုတ်ခဲ့ရာ တိုက်ပွဲအတွင်း စစ်သွေးကြွ လေးဦး သေဆုံးခဲ့ကြောင်း ကင်ညာ အာဏာပိုင်တို့က ပြောသည်။

“ ကင်ညာနိုင်ငံက မန်ဒါ ပင်လယ်အော် လေတပ်စခန်းမှာ တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ အမေရိကန်ရဲ့ အာဖရိကဒေသဆိုင်ရာ စစ်ဌာနချုပ်ဘက်က သိရှိပြီးဖြစ်ပါတယ်၊ အခြေအနေကို စောင့်ကြည့်နေပါတယ်” ဆိုပြီး အဆိုပါ စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ABC သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

အဆိုပါ ကင်ညာရှိ အမေရိကန်စစ်စခန်း တိုက်ခိုက်ခံရမှုတွင် သေဆုံး၊ ဒဏ်ရာရမှု အခြေအနေနှင့်ပတ်သက်၍ ၎င်းက ထုတ်ဖော်သွားခဲ့ခြင်း မရှိပေ။

ယင်းအပြင် ယင်းအခြေစိုက်စခန်းတွင် အမေရိကန်တပ်ဖွဲ့ဝင် အင်အားမည်မျှ တပ်ချထားသည်ဆိုသည်နှင့်ပတ်သက်၍လည်း ရှင်းရှင်းလင်းလင်း မသိရပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly