ပိုလန်ရွေးကောက်ပွဲ အတိုက်အခံ ကွန်ဆာဗေးတစ်များ အနိုင်ရ

ပိုလန်ရွေးကောက်ပွဲ အတိုက်အခံ ကွန်ဆာဗေးတစ်များ အနိုင်ရ

ပိုလန်ရွေးကောက်ပွဲတွင် အတိုက်အခံ ကွန်ဆာဗေးတစ် Law and Justice ပါတီက အနိုင်ရရှိသည်။ မဲရလဒ်အရ ၃၉ ရာခိုင်နှုန်းရရှိရာ ကိုယ်ပိုင်အစိုးရဖွဲ့စည်းနိုင်မည်ဖြစ်သည်။

ပါတီဥက္ကဌဖြစ်သူ ဂျာရိုစလောကာဆိုင်စကီးက အောင်ပွဲရလဒ်ကို အတည်ပြုပြီး ရာထူးမှဆင်းပေးရမည်ဖြစ်သည့် ဗဟို Civic Platform ပါတီမှ ဝန်ကြီးချုပ် အီဝါကိုပတ်ဇ်ကလည်း ၎င်းတို့၏ အရှုံး ဝန်ခံသည်။

Law and Justice ပါတီသည် ပိုလန် ကျေးလက်ဒေသများတွင် အမာခံထောက်ခံမှုများကို ရရှိခဲ့ခြင်းဖြစ်သည်။

မဲရလဒ်အရေအတွက် အတည်ပြုကြေညာပြီးလျှင် ပါတီအနေဖြင့် ၁၉၈၉ ခုနှစ်မှစကာ ဒီမိုကရေစီနိုင်ငံဖြစ်ခဲ့သည့် ပိုလန်နိုင်ငံတွင် ပထမဆုံးအနေဖြင့် ပါတီတစ်ရပ်ကပဲ အစိုးရဖွဲ့နိုင်သည်အထိ လုံလောက်သည့် အမတ်နေရာဖြင့် အနိုင်ရခြင်းဖြစ်ကြောင်း ဘီဘီစီသတင်းထောက်က ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly