ဗိုလ်ချုပ်ကြီး ဆိုလေမာနီ သေဆုံးပြီးနောက် အီရန် အမျိုးသားလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေး ခေါ်ယူ

ဗိုလ်ချုပ်ကြီး ဆိုလေမာနီ သေဆုံးပြီးနောက် အီရန် အမျိုးသားလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေး ခေါ်ယူ

ဇန်နဝါရီ ၃ ။        ။ အီရတ်တွင် အမေရိကန်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် အီရန် ထိပ်တန်း တပ်မှူး ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလေမာနီ သေဆုံးခဲ့ပြီးနောက် ဇန်နဝါရီ ၃ ရက်တွင် အီရန်အမျိုးသားလုံခြုံရေးကောင်စီက အထူးအရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ အီရန် အဆင့်မြင့် လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူမှု သတင်းကို အီရန် သတင်းအေဂျင်စီ ISNA က ထုတ်ဖော်တင်ဆက်ခဲ့ခြင်း ဖြစ်သည်။

“ တိုက်ခိုက်ခံရမှုဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ အီရန် အမျိုးသားလုံခြုံရေးကောင်စီရဲ့ အထူးအစည်းအဝေးတစ်ရပ်ကို ကျင်းပမှာဖြစ်ပါတယ်၊ ဘဂ္ဂဒက်မှာ ဗိုလ်ချုပ်ကြီး ဆိုလေမာနီရဲ့ ကား တိုက်ခိုက်ခံရပြီး သူတိုင်းပြည်အတွက် အသက်စွန့်သွားခဲ့ရတဲ့ ကိစ္စကို ပြန်သုံးသပ်သွားမှာဖြစ်ပါတယ်” ဆိုပြီး အဆိုပါ ကောင်စီ၏ အတွင်းရေးမှူးရုံးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကီဗန် ခိုဆရာဗီက ပြောသွားခဲ့ကြောင်း ISNA က ဖော်ပြပါတယ်။

အမေရိကန်တို့၏ တိုက်ခိုက်မှုကြောင့် အီရန် ဗိုလ်ချုပ်ကြီး ဆိုလေမာနီ သေဆုံးမှုကိစ္စကြောင့် အဆိုပါ နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာဖွယ် ရှိပြီး အီရန်ဘက်ကလည်း လက်တုန့်ပြန်လာနိုင်သည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။

ဘဂ္ဂဒက်တွင် ပြီးခဲ့သည့် ရက်ပိုင်းက အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုဖြစ်စဉ်ဖြစ်ပြီးေနာက် အီရန် ဗိုလ်ချုပ်ကြီး ဆိုလေမာနီ အား ရှင်းလင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly