ဝက်စ်ဟမ်းနှင့် ပွဲတွင်အနီကတ်ပြခံရသည့် မော်ရင်ဟို မီဒီယာများသို့ ဖြေကြားရန်ငြင်းဆန်

ဝက်စ်ဟမ်းနှင့် ပွဲတွင်အနီကတ်ပြခံရသည့် မော်ရင်ဟို မီဒီယာများသို့ ဖြေကြားရန်ငြင်းဆန်

အောက်တိုဘာ ၂၆၊ လန်ဒန် ။             ။ ချယ်လ်ဆီးအသင်းက ဝက်စ်ဟမ်းကို ၂-၁ ဂိုးဖြင့်ရှုံးသည့်ပွဲတွင် အနီကတ်ပြခံရသော မော်ရင်ဟိုသည် မီဒီယာများသို့ ဖြေကြားရန် ငြင်းဆန်ခဲ့ သည်။

လန်ဒန်အနောက်ပိုင်းမှကိစ္စအတွက် ဖုန်းကင်မရာဖြင့်ရိုက်ထားသည့်ဗီဒီယိုလူသိရှင်ကြားပေါ်ထွက်လာပြီးနောက် မီဒီယာများနှင့် ၎င်း၏ ဆက်ဆံရေးပြောင်းလဲသွားနိုင်သည်ဟု သောကြာနေ့တွင်   မော်ရင်ဟိုက ပြောဆိုထားသည်။

"ကျွန်တော့်ဆီက အခု ကောင်းမွန်ပြီး ရယ်စရာကောင်းတဲ့ ခေါင်းကြီးသတင်းရမှာ မဟုတ်ဘူး"ဟု မော်ရင်ဟိုက ပြောသည်။ ပွဲအပြီးတွင် ချယ်လ်ဆီးဘက်မှ တစ်ဦးတည်းဖြေကြားခဲ့သည့် ကာဟေးလ်က "ကျွန်တော်တို့ကိုယ့်ကိုယ်ကိုယ်အတွက် ဝမ်းနည်းနေမှာ မဟုတ်ပါဘူး" ဟု ပြောသည်။

ကာဟေးလ်သည် ဝက်စ်ဟမ်းဘက်မှ ဇာရာတီ၏သွင်းကို ပြန်လည်ချေပနိုင်ခဲ့သော်လည်း ပွဲပြီးကာနီးတွင် ကာရိုးကဝက်စ်ဟမ်းအတွက် အနိုင် ဂိုးသွင်းယူသွားခဲ့သည်။

လန်ဒန်ဒါဘီပွဲတစ်ပွဲဖြစ်သည့် ဝက်စ်ဟမ်းနှင့်ပွဲကိုရှုံးခြင်းမှာ ချယ်လ်ဆီးအသင်းအတွက် ရာသီအစ ၁၀ ပွဲတွင် ငါးပွဲမြောက်ရှုံးနိမ့်ခြင်းဖြစ်ပြီး နည်းပြမော်ရင်ဟိုနှင့် လက်ထောက်နည်းပြ လိုရို၊ ကွင်းလယ်လူ မာတစ်တို့ အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည်။

ပထမပိုင်းမပြီးမီ မာတစ်၏ ဒုတိယအဝါကတ်အတွက် တုန့်ပြန်ပုံကြောင့် လိုရိုထုတ်ပယ်ခံရခြင်းဖြစ်ပြီး မော်ရင်ဟိုမှာမူ ဒိုင်လူကြီးဂျွန်မော့ အပေါ်ပြောဆိုခဲ့သည့် မှတ်ချက်စကားကြောင့် အနီကတ်ပြခံရခြင်းဖြစ်သည်။

မော်ရင်ဟိုသည် ဒုတိယပိုင်းတစ်ပိုင်းလုံးနီးပါး အပ်တန်ပါ့ခ်ရှိ ဒါရိုက်တာများကြည့်ရှုသည့်နေရာတွင် ရှိနေခဲ့ပြီး ကာရိုးလ်က ဝက်စ်ဟမ်း အတွက် အနိုင်ဂိုးသွင်းပြီးနောက်တွင် ထွက်ခွာသွားခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly