မြင်းခြံအကျဉ်းထောင်တွင် ထောင်ဆူပူမှုဖြစ်ပွား

မြင်းခြံအကျဉ်းထောင်တွင် ထောင်ဆူပူမှုဖြစ်ပွား
ပုံ- ရီရီဝင်း

မန္တလေး၊ ဒီဇင်ဘာ ၃၀။              ။ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ မြင်းခြံအကျဉ်းထောင်အတွင်း အကျဉ်းသားအခွင့်အရေး အပြည့်အဝ မရသည့် အတွက် ထောင်ဆူပူမှုဖြစ်ပွားနေကြာင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထောင်ဝင်စာ ပေးပို့သည့် ပစ္စည်းများ အပြည့်အဝမရခြင်းနှင့် ထောင်သားများ နေထိုင်သည့် အခန်းတံခါးများကို သံဆူးကြိုး ခတ်ပြီး အချုပ်သား တစ်ယောက်စာ ဝင်ထွက်နိုင်သည့် တံခါးပေါက်ပြုလုပ်သည်ကို မကျေနပ် သောကြောင့် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ထောင်ဆူပူမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။

“ထောင်ဆူတာ ဟုတ်ပါတယ်။ ထောင်ဆူတာကို အပြင်ကို သတင်းပေးတဲ့သူ တစ်ယောက်ခေါ်သွားပြီ။ အခုထိ ထောင်ဆူ နေတုန်းပဲ”ဟု ထောင်ဝင်စာ လာတွေ့သူ တစ်ဦးက ပြောသည်။

အဆိုပါထောင်ဆူပူမှုနှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required