အောင်သပြေကျေးရွာ ရာအိမ်မှူးကို ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်တစ်နှစ်ချ

အောင်သပြေကျေးရွာ ရာအိမ်မှူးကို ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်တစ်နှစ်ချ
(ဓာတ်ပုံ- အောင်ကိုဦး/မဇ္ဈိမ)

ဒီဇင်ဘာ ၂၈ ။              ။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံထားရသည့် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှ ရာအိမ်မှူး ဦးမိုးလင်းကို ဒီဇင်ဘာ ၂၇ရက်၊ ညနေပိုင်းတွင် မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်သည်။

အောင်သပြေကျေးရွာအနီးတွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုကို ရွာသားများက ကန့်ကွက်ဆန္ဒပြာခဲ့ရာမှ ယခုနှစ် မေလ ၁၅ရက်တွင် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ကာ ပဋိပက္ခဖြစ်ပွားခဲ့သည်။ ထို့နောက် ရာအိမ်မှူး ဦးမိုးလင်းကို တွေ့ဆုံညှိနှိုင်းလိုသည်ဟု ရဲတပ်ဖွဲ့က ခေါ်ယူပြီး ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်ဟာ နိုင်ငံတော်အကြည်ညိုပျက်အောင် မလုပ်ခဲ့ပါဘူး။ ရာအိမ်မှူးတစ်ယောက်အနေနဲ့ လုပ်သင့်၊ လုပ်ထိုက်တဲ့ ဝင်ရောက်ဖြန်ဖြေမှုကိုပဲ ဆောင်ရွက်လိုက်တာ” ဟု အမိန့်ချပြီး တရားရုံးအထွက်တွင် ရာအိမ်မှူး ဦးမိုးလင်းက ပြောသည်။

၎င်း၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးစည်သူကလည်း ယနေ့ အမိန့်ချမှတ်လိုက်သည့်အပေါ် အယူခံဝင်သွားမည်ဟု ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly