ကာယပိုင်းကို အဓိကထားကာ တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်တိုက်ခိုက်ရသည့် ကိုယ်ခံပညာရပ်ပြိုင်ပွဲများတွင် လက်သီးတစ်ချက်၊ ခြေကန် ချက်တစ်ချက်၊ ချုပ်ကွက်တစ်ကွက်သည် ပွဲတစ်ပွဲ၏အနိုင်အရှုံးအား တစ်ခဏချင်း အဆုံးအဖြတ်ပေးနိုင်သည်။ ပွဲတစ်ပွဲတွင် အားကစား သမားတစ်ဦးက ပြိုင်ဘက်အပေါ် အသာစီးမှယှဉ်ပြိုင်နေသော်လည်း ထင်မှတ်မထားသည့် ပြိုင်ဘက်၏တိုက်ကွက်တစ်ခုကြောင့် ချက် ချင်းဆိုသလိုပင် ရှုံးပွဲနှင့် ကြုံတွေ့ သွားရတတ်သည်။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအဖွဲ့အစည်း ONE Championship တွင်လည်း တစ်ကွက်ကောင်းတိုက်ကွက်ဖြင့် အရှုံးအနိုင်အဖြေအား ထုတ်ပေးနိုင်သော ပွဲပေါင်းများစွာရှိသည်။ ထို့ ကြောင့် ၂၀၁၉ ခုနှစ်အတွင်း ONE Championship တွင် ပေါ်ပေါက်ခဲ့သည့် အလဲထိုးနိုင်ပွဲ ၅ ပွဲအား ဖော်ပြလိုက်ပါသည်။
၁။ အန်တိုနီယာ၏ ဘယ်ညာ လက်သီးတွဲလုံးများ
၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်က ရန်ကုန်တွင်ကျင်းပသော ONE: REIGN OF VALOR ပြိုင်ပွဲ၏ အမျိုးသမီး အက်တမ်ဝိတ်တန်းတွဲဆိုင်း၌ အိမ်ရှင် မြန်မာအားကစားသမား “တိုတို” ဘိုဇီနာအန်တိုနီယာသည် မလေးရှားအား ကစားသမား Audreylaura “Ice Comet” Boniface ကို အသာစီးမှယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား အန်တိုနီယာ သည် အိမ်ရှင်ပရိသတ် များ၏အားပေးမှုနှင့်အတူ ပွဲစကတည်းက ပြိုင်ဘက်အပေါ် ဖိအားပေးထိုးသတ်နိုင်ခဲ့သည်။ အန်တိုနီယာ၏ လက် သီးထိုးချက်များ၊ ခြေကန်ချက်များက Boniface ကို ထိရှစေခဲ့ပြီး အထူးသဖြင့် ပြိုင်ဘက်၏သက်လုံကို တဖြည်းဖြည်း ကျဆင်းစေခဲ့ သည်။ ပထမအချီအပြီးတွင် Boniface ၏ခံနိုင်ရည်နှင့်သက်လုံ ကျဆင်းလာသည်ကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရသည်။
ဒုတိယအချီအစတွင် အန်တိုနီယာက ပွဲဖြတ်နိုင်ရန် တိုက်စစ်ဖြင့် တရစပ်ယှဉ်ပြိုင်ခဲ့ပြီး Boniface မှာ ခံစစ်ဖြင့်သာ ထိုးသတ်ခဲ့ရသည်။ ဒု တိယအချီ ၁ မိနစ်ကျော်ကျော်တွင် Boniface က အန်တိုနီယာ ၏ခြေထောက် နှစ် ချောင်းကို ပြေးဖက်ကာ မြေပြင်ချုပ်ကွက်ဗျူဟာအသုံး ပြုရန် ကြိုးစားခဲ့သည်။ ထိုလုပ်ရပ်က မှားယွင်းခဲ့ပြီး အန်တိုနီယာက အဖက်မခံဘဲ ၎င်းကို ကြိုးဝိုင်းထောင့်လှဲချကာ ဘယ်ညာလက်သီးတွဲ လုံးများ တရစပ်ပစ်သွင်းခဲ့ရာ ကာကွယ်နိုင်စွမ်းမရှိသောကြောင့် ဒိုင်လူကြီးက မြန်မာအားကစားသမားကို ဒိုင်ပွဲရပ် အနိုင်ပေးခဲ့သည်။
၂။ အောင်လ၏ လျှပ်တစ်ပြက် ညာဖြောင့်လက်သီး
တိုကျိုတွင် မတ်လ ၃၁ ရက်ကကျင်းပသည့် ONE: A NEW ERA ပြိုင်ပွဲ၌ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ “မြန်မာ့စပါးအုံး” အောင် လအန်ဆန် သည် စိန်ခေါ်သူ အိမ်ရှင်ဂျပန်အားကစားသမား Ken Hasegawa ကို ဒုတိယအချီမှာပင် ဒိုင်ပွဲရပ်အနိုင်ရခဲ့သည်။ ၎င်းတို့ သည် ၂၀၁၈ ခုနှစ်၊ ဇွန်လအတွင်း ရန်ကုန်တွင် ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ပြီး ထိုစဉ်ကလည်း နောက်ဆုံးအချီ၌ အောင်လအန်ဆန်က ဒိုင် ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် Hasegawa က မွေးရပ်မြေတွင် လက်စားချေခွင့်ရရန်နှင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် အား လွှဲပြောင်းရယူနိုင်ရန် မကြေပွဲထိုးသတ်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲမှာ Hard Knocks 365 အသင်းသား အောင်လအန်ဆန်အတွက် မြန် မာနိုင်ငံပြင်ပတွင်ထိုးသတ်သော ပထမဆုံး သရဖူကာကွယ်ပွဲဖြစ်ပြီး အိမ်ရှင်ပရိသတ်များရှေ့၌ Hasegawa ကို လက်ရည်အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့သည်။
အထူးသဖြင့် အောင်လအန်ဆန်၏ ညာခြေအပြင်းကန်ချက်များက ဂျပန်အားကစားသမား၏ ဝမ်းဗိုက်ကိုထိရှခဲ့ပြီး ပွဲအပြီး နံရုံများကျိုးကာ အဆုတ်ထဲ သွေးယိုစီးသည်အထိ ပြင်းထန်ခဲ့သည်။ ဒုတိယအချီပြီးဆုံးရန် စက္ကန့် ပိုင်းအလိုတွင် အောင်လအန်ဆန်က Hasegawa ၏ မျက်နှာကို လျှပ်ပြက်သလို ပြင်းထန်အားပါသော ညာဖြောင့်လက်သီးတစ်လုံးပစ်သွင်းခြင်းဖြင့် ပုံရက်သားလဲကျသွားစေကာ လက်သီးတွဲ လုံးများ ထပ်မံထိုးနှက်ချိန်တော့ ကြိုးဝိုင်းဒိုင်လူကြီးက ပွဲရပ်ကာ မြန်မာ့စပါးအုံးကို ဒိုင်ပွဲရပ် အနိုင်ပေးခဲ့သည်။
၃။ Martin Nguyen ၏ ညာဒူးအမြင့်တိုက်ချက်
ဧပြီ ၁၂ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ပြုလုပ်သော ONE: ROOTS OF HONOR ပြိုင်ပွဲ၌ ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံ ဗီယက်နမ်-သြစတြေးလျအားကစားသမား Martin “The Situ-Asian” Nguyen သည် စိန်ခေါ်သူ ဖယ်သာဝိတ်တန်းချန်ပီယံဟောင်း မွန်ဂိုလီးယားအားကစားသမား Narantungalag “Tungaa” Jadambaa ကို မြင်တွေ့နိုင်ရန်ခက်ခဲသည့် ဒူးပျံတိုက်ကွက်ဖြင့် အနိုင်ရခဲ့ သည်။ Hard Knocks 365 အသင်းသား Martin Nguyen သည် ပထမအချီတွင် ဘယ်လက်သီးတစ်လုံး၊ ခြေကန်ချက်အချို့ဖြင့်သာ Jadambaa ကို တုံ့ဆိုင်းစေခဲ့သော်လည်း ပွဲချိန်အများစု၌ ခံစစ်ဖြင့်သာ ယှဉ်ပြိုင်ခဲ့ရသည်။ Jadambaa သည် ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းတစ်ယောက်ဖြစ်သလို ကြံ့ခိုင်မှုလည်း ကောင်းမွန်သောကြောင့် လက်ရှိချန်ပီယံ Martin Nguyen အခက်တွေ့ခဲ့ရ သည်။
ဒုတိယအချီအစတွင် Martin Nguyen ၏ ပြင်းထန်သော အောက်ခြေပိုင်းကန်ချက်နှစ်ကြိမ်ကြောင့် Jadambaa ခြေထောက် ထော့နဲ့ ထော့နဲ့ဖြစ်ကာ ပြိုလဲလုမတတ်ဖြစ်ခဲ့ပြီး ၁ မိနစ်၊ ၇ စက္ကန့်၌ အမြင့်ပျံ ညာဒူးတိုက်ချက်က မျက်နှာကို တိုက်ရိုက်ထိမှန်ခဲ့သောကြောင့် ဗီ ယက်နမ်-သြစတြေးလျအားကစားသမားက အလဲထိုးနိုင်ပွဲရရှိခဲ့သည်။
၄။ Janet Todd ၏ ညာခြေအမြင့်ကန်ချက်
ONE Championship က ရာပြည့်ပြိုင်ပွဲအဖြစ် အောက်တိုဘာ ၁၃ ရက်က တိုကျိုတွင်ပြုလုပ်သော ONE: CENTURY PART I ပြိုင်ပွဲ ၏ အမျိုးသမီးအက်တမ်ဝိတ်တန်း မွေထိုင်းတွဲဆိုင်း၌ အမေရိကန်ဝါရင့်အားကစားသမား Janet “JT” Todd က ဘီလာရုစ်အားကစားသမား Ekaterina “Barbie” Vandaryeva ကို အမြင့်ကန်ချက်ဖြင့် အနိုင်ရခဲ့သည်။ နှစ်ဦးစလုံးက မွေထိုင်းပြိုင်ပွဲများတွင် စွမ်းဆောင်ရည် ကောင်းများပြသထားနိုင်သူများဖြစ်သောကြောင့် ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။
ဒုတိယအချီပြီးဆုံးရန် စက္ကန့် ၂၀ သာလို တော့ချိန်တွင် Janet Todd က ဘယ်လက်သီးထိုးမည်ဟု အယောင်ပြကာ လက်သီးထိုးချက်အပေါ် အာရုံရောက်နေသည့် Vandaryeva ၏ မျက်နှာကို ပြင်းထန်သော ညာခြေအမြင့် ကန်ချက်ဖြင့် တိုက်ခိုက်ခဲ့ရာ ဘီလာရုစ်အားကစားသမား မည်သို့မှ မကာကွယ်နိုင်တော့ဘဲ ကြိုးဝိုင်းကြမ်းပြင်ပေါ် ပုံလဲကျသွားသောကြောင့် Janet Todd အလဲထိုးအနိုင်ရခဲ့သည်။
၅။ Nong-O ၏ ညာဖြောင့်လက်သီး
နိုဝင်ဘာ ၂၂ ရက်တွင် စင်ကာပူနိုင်ငံ၌ကျင်းပသော ONE: EDGE OF GREATNESS ပြိုင်ပွဲ၏ ONE ဘန်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ ချန်ပီယံတွဲဆိုင်းတွင် လက်ရှိချန်ပီယံ ထိုင်းအားကစားသမား Nong-O Gaiyanghadao က စိန်ခေါ်သူ တစ်နိုင်ငံတည်းပြိုင်ဘက် Saemapetch Fairtex ကို ညာဖြောင့်လက်သီးဖြင့်အနိုင်ယူကာ ချန်ပီယံခါးပတ်အား ၃ ကြိမ်မြောက် ကာကွယ်နိုင်ခဲ့သည်။ Saemapetch မှာ Nong-O ထက် အသက်ပိုငယ်သော်လည်း ဝါရင့်အားကစားသမားတစ်ယောက်ကို ကြောက်ရွံ့မှုမရှိဘဲ ရဲရဲဝံ့ဝံ့ယှဉ်ပြိုင် ခဲ့သောကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ စတုတ္ထအချီ ၁ မိနစ်၊ ၄၆ စက္ကန့်တွင် Nong-O က အကာအကွယ်မဲ့နေသော Saemapetch ၏မျက်နှာအား ပြင်းထန်အားပါလွန်းသော ညာဖြောင့်လက်သီးဖြင့် ထိုးနှက်ခဲ့ရာ ကြမ်းပြင်ပေါ်လဲကျကာ ပြန်မထနိုင်သောကြောင့် လက်ရှိ ချန်ပီယံက အလဲထိုးအနိုင်ရခဲ့သည်။
ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။