မြင်းမူမြို့ဧရိယာအတွင်းရှိ တိုးဂိတ်အား ဖယ်ရှားပေးရန်ဆန္ဒထုတ်ဖော်

မြင်းမူမြို့ဧရိယာအတွင်းရှိ တိုးဂိတ်အား ဖယ်ရှားပေးရန်ဆန္ဒထုတ်ဖော်
( ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ )

မြင်းမူ ဒီဇင်ဘာ ၂၃။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊မြင်းမူမြို့၊မြို့ဧရိယာအတွင်းရှိ တိုးဂိတ်အား ဖယ်ရှားပေးရန် ဒီဇင်ဘာလ ၂၃ ရက်၊နံနက် ၉ နာရီတွင် လူဦးရေ ၁၀၀ကျော်က ယာဉ်အစီးရေ ၅၀ ခန့်ဖြင့် အဆိုပါ တိုးဂိတ် ရှေ့တွင် လာရောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

မြင်းမူမြို့ပေါ်ရပ်ကွက်များမှ ယာဉ်ပိုင်ရှင်များနှင့်၊ကျေးရွာများမှ ယာဉ်ပိုင်ရှင်များ စုပေါင်း၍ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်ရာတွင် "မြင်းမူမြို့၊မြို့ဧရိယာအတွင်း ကျရောက်နေသည့် တိုးဂိတ်"အား ဖယ်ရှာပေး ကြွေး  ကြော်သံဖြင့် အဆိုပါတိုးဂိတ်ရှေ့တွင် စုစည်းပေါင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

''မြင်းမူမြို့နယ် မြောင်ဘက်က လာတဲ့ ကားတွေ အသုံးပြုတာက ထီးဆောင်ရွာကနေ တိုးဂိတ်နဲ့ နှစ်မိုင်အပြင် ပိုမရှိဘူး သို့ပေမယ့် သူတို့သည် မန္တလေးကြေး ဆောင်နေရတယ် စလစ်ပါမလာတဲ့အတွက် ဆောင်နေရတယ် ဆောင်ပြီး မြင်းမူကို စျေးလာဝယ်ရတယ် သီးနှံရောင်းလာတယ် ပြန်တော့လည်း မြင်းမူကနေ လာပေးမယ့်လည်း ထပ်ဆောင်ရတယ်။

အဲဒါက မြင်းမူမြို့မြောက်ပိုင်းက ခံစားချက်၊ကျွန်တော်တို့မြို့ပေါ်က ခံစားချက်တွေသည် ကုန်ကားဆိုတာ ကုန်ရှိတဲ့နေရာသွားတင်ရတာ အဲလိုသွားတင်ရတော့မြင်းမူ ဒေသခံမှန်ပါလျက်နဲ့ မြင်းမူကိုကျော်ပြီးကုန်တင်ခဲ့ရင် မုံရွာကြေးပါ ထပ်ကောက်ပါတယ် ကျွန်တော်တို့သည် ဒေသခံ မြင်းမူကား ဖြစ်တဲ့အတွက် မပေးဆောင်နိုင်ပါဘူး၊ကျွန်တော်တို့ မြို့ပေါ်မှာရှိတဲ့ လုပ်ငန်းသုံးကားတွေ ဒေသခံကားတွေ အားလုံးဟာ တိုးဂိလ်ကြီးရှိနေတဲ့ အတွက် အတားအဆီးတစ်ခုလို ဖြစ်နေတယ် ဒေသခံတွေရဲ့ စီးပွာရေး လူမှုရေး အားလုံး အနောက် အယှက်ဖြစ်နေတဲ့ အတွက် ဆန္ဒပြရခြင်းဖြစ်ပါတယ်''ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ ဦးမင်းမင်းစိန်ကပြောသည်။

ကုန်တင်ယာဉ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် မြင်းမူမြို့နယ်နေ ပြည်သူများသည် မြို့နယ်အတွင်း တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် လမ်းအသုံးပြုခများကို အဆမတန် ပေးဆောင်နေရသောကြောင့် ထိခိုက်နစ်နာမှုတွေများစွာရှိလာသည့် အတွက် ယခုလို ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်က ''ဦးဆောင်ဆန္ဒပြတဲ့အဖွဲ့နဲ့ သက်ဆိုင်ရာ ဌာနနဲ့ ရွှေတောင်ကုမ္ပဏီတို့နဲ့ လိုအပ်ချက်တွေ ပေါင်းစပ်ညှိနှိုင်းပေးဖို့ ဆောင်ရွက် ပေးပါတယ်။သူတို့က ကားသမားတွေစုဖို့ အခက်အခဲဖြစ်သွားလို့ မတွေ့ဖြစ်တာ၊အခု ဆန္ဒထုတ်ဖော်တဲ့ ကိစ္စကိုလည်း ကျွန်တော်တို့ သက်ဆိုင်ရာ မြို့နယ် စီမံခန့်ခွဲမှုကော်မတီကနေ ၊ခရိုင် စီမံခန့်ခွဲမှုကော်မတီကို တင်ပြထား ပြီဖြစ်ပါတယ်။ခရိုင်စီမံခန့်ခွဲမှုကော်မတီကနေ အစိုးရ ဖွဲ့ကို ဆက်ပြီးတင်ပြမှာပါဖြစ်ပါတယ် "ဟု ပြောသည်။

စစ်ကိုင်း -မုံရွာ ကားလမ်းပိုင်း၊ လမ်းအသုံးပြုခများကို ရွှေတောင်ဟိုက်ဝေးကုမ္ပဏီမှ BOT စနစ်ဖြင့် ကောက်ခံနေခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ်သူများအနေဖြင့် တိုးဂိတ်အပြီးတိုင် ဖယ်ရှားပေးရေးအတွက် ဆက်လက်တောင်းဆို မှုများ ပြုလုပ်သွားမည်ဟုဆိုသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly