လန်ဒန်ရှိ ပရီးမီးယားလိဂ် အသင်းတစ်သင်းကို ဂွာဒီယိုလာကိုင်တွယ်ရန်ဆန္ဒရှိ

လန်ဒန်ရှိ ပရီးမီးယားလိဂ် အသင်းတစ်သင်းကို ဂွာဒီယိုလာကိုင်တွယ်ရန်ဆန္ဒရှိ

အောက်တိုဘာ ၂၄၊ မြူးနစ် ။         ။ ဂွာဒီယိုလာသည် ရာသီကုန်တွင် လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ကိုင်တွယ်ရန် အဆင်သင့်ဖြစ်နေဖွယ်ရှိသည်ဟု ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။

ဘိုင်ယန်မြူးနစ်နှင့်ချုပ်ဆိုထားသည့် စပိန်လူမျိုးနည်းပြ၏ လက်ရှိစာချုပ်သက်တမ်းမှာ ယခုနှစ်ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းတွင် ဆက်ရှိရန် မသေချာသေးသည့် အနေအထားတွင် ရှိနေသည်။

ထို့ပြင် ယင်းဘာစီလိုနာနည်းပြဟောင်းက လာမည့်နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းကို စွန့်ခွာဖြစ်ပါက အင်္ဂလန်သို့ပြောင်းလိုသည်ဟု ပြောဆိုထားသည်။

ဥရောပတွင်အထူးချွန်ဆုံးနည်းပြများထဲမှ တစ်ဦးအပါအဝင်အဖြစ်သတ်မှတ်ခံထားရသည့် ဂွာဒီယိုလာသည် အကြာသေးခင် လများက မန်စီးတီးအသင်း၏ အပြင်းအထန်ချိန်ဆက်ကမ်းလှမ်းခြင်းကို ခံခဲ့ရသည်။

အီတီဟတ်ထိပ်တန်းတာဝန်ရှိသူများသည် ပယ်လီဂရီနီနေရာကို ဆက်ခံမည့်သူအဖြစ် ဂွာဒီယိုလာအား ရှုမြင်နေခြင်းဖြစ်သည်။

သို့သော်လည်း ဂွာဒီယိုလာက ဘိုင်ယန်မြူးနစ်နှင့်လမ်းခွဲချိန်ရောက်ခဲ့လျှင် လန်ဒန်သို့သာပြောင်းလိုသည်ဟု ပြောဆိုထားခဲ့ဖူးသည်။ ယင်း သတင်းအရ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့အတွက် အချက်ပြမှုတစ်ခုသဖွယ်ဖြစ်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly